နမ္မတူ-ဘော်တွင်းသတ္တုတွင်း

နမ္မတူ-ဘော်တွင်း ခဲ၊သွပ်သတ္တုတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တည်ရှိပြီး ခဲစင်၊ ငွေစင်၊ နီကယ်စပိုက်၊ ကြေးနီမက်နှင့် ခနောက်စိမ်းတို့ ထုတ်လုပ်ခဲ့သည့် သတ္တုတွင်းကြီးဖြစ်ပါသည်။ မျက်မှောက် ကာလတွင်   ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်သို့ (၅.၁.၂၀၁၀)ရက်နေ့မှ စတင်၍ လွှဲပြောင်း ခဲ့ကာ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသောလုပ်ငန်း ဆောင်ရွက်လျက် ရှိပါသည်။  သတ္တုသိုက် ပမာဏမှာ ခဲ၇.၆၇%၊ သွပ် ၃.၆%၊ ငွေ ၄.၇၇ ထရိုင် အောင်စ/တန် အရည်အသွေးရှိ မြေအောက် ခဲဆာလဖိုဒ်သတ္တုရိုင်း မက်ထရစ်တန် သန်းပေါင်း (၃.၅၅)နှင့် ခဲ၅.၂၁%၊ သွပ် ၃.၁၈%၊ ငွေ ၄.၁၉ ထရိုင် အောင်စ/တန် အရည်အသွေးရှိ မြေပေါ်သတ္တုရိုင်း မက်ထရစ်တန် သန်းပေါင်း (၈.၆)ဖြစ်ပါသည်။

စပယ်တောင်၊ ကြေးစင်တောင်စီမံကိန်း

အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၏ ပြည်ပဖက်စပ်ကုမ္ပဏီဖြစ်သော မြန်မာအိုင်ဗင်ဟိုးကြေးနီ ကုမ္ပဏီ လီမိတက် MICCL မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် တည်ရှိပြီး ကြေးစင်တောင်၊ စပယ်တောင်၊ စပယ်တောင်တောင်ဘက် ကြေးနီသတ္တုသိုက်များမှ LME grade A အရည်အသွေးရှိ ကက်သုတ်ကြေးနီများ ထုတ်လုပ်ပါသည်။ မျက်မှောက် ကာလတွင် ပြည်တွင်း ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းခဲ့ပြီး ၄င်းမှ ပြည်ပဖက်စပ်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ ကက်သုတ် ကြေးနီများ ဆက်လက်ထုတ်လုပ်လျက်ရှိပါသည်။ MICCL အနေဖြင့် လွှဲပြောင်းခဲ့သည့်နေ့အထိ ကက်သုတ်ကြေးနီ ၂၆၄၀၃၆ မက်ထရစ်တန် ထုတ်လုပ်ခဲ့ပါသည်။ 

Top