မြွေတောင်ဖယ်ရိုနီကယ်စီမံကိန်း

မြွေတောင်နီကယ်သတ္တုသိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊  မြွေတောင်ဒေသတွင် တည်ရှိပြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံ North Mining Investment Co., Ltd. (NMIC) နှင့်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၄၇၃/၂၀၁၂)ဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခဲ့ပြီးနောက် ဖြစ်မြောက် နိုင်စွမ်း အစီရင်ခံစာအပေါ် (ယခင်)သတ္တုတွင်းဝန်ကြီးဌာန၊ ပညာရှင်များအဖွဲ့မှ စိစစ်ပြီး ထုတ်လုပ်မှုလုပ်ငန်း စာချုပ်ချုပ်ဆို ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။

           ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် NMIC ကုမ္ပဏီမှ  လျှပ်စစ်ဓာတ်အားဝယ်ယူရရှိနိုင်မှု အလားအလာများကြောင့် လျှပ်စစ်ဓာတ်အားသုံးအပူပေးသော  Ferronickel Alloy ထုတ်လုပ်သည့်နည်းစဉ်ဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ဆောင်ရွက်ပြီး အစီရင်ခံစာတင်ပြလိုကြောင်း တင်ပြမှုအပေါ် (ယခင်) သတ္တုတွင်းဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ၏  (၂၈/၂၀၁၅)အစည်းအဝေးမှ မှတ်တမ်းတင်ခဲ့ပါသည်။ ကုမ္ပဏီသို့လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ နည်းစဉ်ပြောင်း၍ ဆောင်ရွက်လိုကြောင်း အဆိုပြုလွှာအသစ်တင်ပြရန် အကြောင်းကြားထားပြီး ကုမ္ပဏီမှလည်း ဆောင်ရွက် လျက်ရှိပါသည်။

Top