သဗြုသတ္တုတူးဖော်ရေးကုမ္ပဏိလီမိတက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သဗြုဒေသတွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ခနောက်စိမ်း သတ္တုထုတ်လုပ်မှု အပေါ်ခွဲဝေခံစားသောလုပ်ငန်းစာချုပ်အား (၁၂.၁၂.၂၀၀၁)ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းမှာ(၇)နှစ်ဖြစ်ပါသည်။ (၁)နှစ် သက်တမ်းတိုး(၃)ကြိမ်နှင့် (၅)နှစ်သက်တမ်းတိုး(၁)ကြိမ် ဆောင်ရွက်ခဲ့ပြီး စာချုပ်သက်တမ်းမှာ (၁၁.၁၂.၂၀၁၆)ရက်နေ့ အထိ ဖြစ်ပါသည်။ စာချုပ်စတင်သည်မှ ၂၀၁၇ ခုနှစ်  နိုဝင်ဘာလအထိ  အဆင့်မြင့်ခနောက်စိမ်း သတ္တု(၈၉၃၀) မက်ထရစ်တန်၊  အဆင့်နိမ့်ခနောက်စိမ်းသတ္တု (၁၁၅၇၀) မက်ထရစ်တန်ထုတ်လုပ်ခဲ့ပြီး၊ အဆင့်မြင့်ခနောက်စိမ်းသတ္တု(၈၇၉၁)မက်ထရစ်တန်၊ အဆင့်နိမ့်ခနောက်စိမ်းသတ္တု (၁၄၀၀)မက်ထရစ်တန်နှင့် အဆင့်နိမ့်ခနောက်စိမ်းသတ္တုအား ဆင့်တက်မြှင့်တင်ထားသော ခနောက်စိမ်းသတ္တုသန့်စင်(Concentrate) (၁၂၂၅)မက်ထရစ်တန်တို့အား ပြည်ပသို့တင်ပို့ရောင်းချခဲ့ရာ နိုင်ငံတော်သို့ ဓာတ်သတ္တုခွန် အမေရိကန်ဒေါ်လာ(၃၅၉၅၀၉.၁၉)နှင့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းဝေစု အမေရိကန်ဒေါ်လာ (၂၈၀၇၉၀၄.၁၁) ပေးသွင်းပြီးဖြစ် ပါသည်။

Top