Tel: 067409019 | Mail: messenger@e-mining.gov.mm
(CCOP) ၏ 68th Steering Committee Meeting အား နေပြည်တော်တွင် ကျင်းပပြုလုပ်ခြင်း
(၇.၃.၂၀၁၇-၉.၃.၂၀၁၇)
၁။ အရှေ့ဖျားအာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုကော်မတီ (Coordinating Committee for Geoscience Programmes in East and Southeast Asia CCOP) ၏ 68th Steering Committee Meeting အား မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ပြုလုပ်ကျင်းပခဲ့ပါသည်။
၂။ အစည်းအဝေးပွဲအား ၇.၃.၂၀၁၇ ရက် နေ့တွင် နေပြည်တော် Grand Amara Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားဆွေးနွေးဖက်နိုင်ငံများမှ ညွှန်ကြားရေးမှူးချုပ်များဦးဆောင်သော အဖွဲ့ဝင်များ၊ အကြံပေးအဖွဲ့ဖြစ်သော အမေရိကန်၊ ဗြိတိန်၊ ဂျာမဏီ၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်၊ သြစတြေးလျ၊ ကနေဒါ၊ ရုရှားစသော အနောက်ဥရောပနိုင်ငံများ ကိုယ်စားခေါင်းဆောင် ဂျာမဏီနိုင်ငံ စုစုပေါင်းနိုင်ငံခြားသား၄၂ဦးအပါအဝင် မြန်မာနိုင်ငံမှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌများ၊ ဘူမိသိပ္ပံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများစုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
၃။ ၇.၃.၂၀၁၇ ရက်နေလ့နံနက် ၉း၀၀ နာရီချိန်တွင် နေပြည်တော် Grand Amara Hotel တွင် အစည်းအဝေးပွဲ ဖွင့်ပွဲအခမ်းအနားအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းနှင့် ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲမြင့်ဆွေတို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ CCOP Chairman Dr. Joong Ho Synn မှ အဖွင့်အမှာစကားပြောကြား၍ စတင်ခဲ့ပါသည်။
၄။ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စွမ်းအင်၊ မြေအောက်ရေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘူမိဘေး အန္တရာယ်ဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာစသောဘူမိသိပ္ပံဆိုင်ရာနှင့် ဓာတ်သတ္တုသယံဇာတဆိုင်ရာတို့တွင် CCOP အဖွဲ့ဝင်နိုင်ငံများမှ ထိရောက်စွာပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရန်နှင့် ဘူမိသိပ္ပံဆိုင်ရာပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဘတ်ဂျက်ငွေအသုံးပြုမှု၊ ရန်ပုံငွေရှာဖွေကောက်ခံရရှိမှုတို့အားရွေးချယ်ဆုံးဖြတ်အတည်ပြုပေးနိုင်ရန် ဖြစ်ပါသည်။
၅။ ၈.၃.၂၀၁၇ မှရက်နေ့တွင် CCOP အဖွဲ့ဝင်နိုင်ငံများမှ ဧည့်သည်များသည် လေ့လာရေးခရီးအနေဖြင့် နေပြည်တော် ဗဟိုဘဏ်အနီးရှိစစ်ကိုင်းပြတ်ရွေ့ပေါ်ထွက်ပိုင်းအားလေ့လာခြင်း၊ ဖိုးစောင်းတောင်တန်းမှ နေပြည်တော်နှင့် စစ်ကိုင်းပြတ်ရွေ့ အထောက်အထား၊အနေအထားများအားအပေါ်စီးအဝေးမှ ကြည့်မြင်လေ့လာခြင်း၊ နေပြည်တော် မြန်မာ့ကျောက်မျက် ရတနာ ပြတိုက်နှင့် အမျိုးသားပြတိုက်တို့အားသွားရောက်လေ့လာခြင်းများသွားရောက်ခဲ့ပါသည်၊၊ ၈.၃.၂၀၁၇ နှင့် ၉.၃.၂၀၁၇ ရက်နေ့ များတွင် မန္တလေးမြို့ရှိ ကမ္ဘာ့ပထမဦးဆုံးကျောက်စိမ်းစေတီသို့ သွားရောက်လေ့လာခြင်း၊ မန္တလေးမြို့ရှိမန္တလေးတောင်၊ ကမ္ဘာ့အကြီးဆုံးစာအုပ်ဟုခေါ်တွင်သောစကျင်ကျောက်ချပ်ကြီးများရှိသောကုသိုလ်တော်ဘုရား၊ ရွှေနန်းတော်နှင့် မဟာမြတ်မုနိဘုရား၊ စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားမှုကြောင့် မြေကျွံကျ၍ဖြစ်ပေါ်သောရေခါးအင်းနှင့် ဦးပိန်တံတားတို့အားသွားရောက်လေ့လာခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။
၆။ CCOP Steering Committee Meeting ဖြစ်ပါ၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် သယံဇာတဆိုင်ရာ၊ ဓာတ်သတ္တုဖြစ်ထွန်းမှုသတင်းအချက်အလက်၊ ဓာတ်သတ္တုကဏ္ဍဆိုင်ရာ၊ ြေမအောက်ရေ၊ ဘူမိဘေးအန္တရာယ်၊ စွမ်းအင်အသုံးချမှုဘူမိသိပ္ပံဆိုင်ရာ၊ သဘာဝဘေးအန္တရာယ် လျှော့ချပေးနိုင်ရေးစသောပူးပေါင်းဆောင်ရွက်မှုများအတွက် အစီအစဉ်များ အားဆုံးဖြတ်ပေးနိုင်ခဲ့ခြင်း၊CCOP မှ ကြီးမှူး၍ ၂၀၁၇ - ၂၀၁၈ ခုနှစ်အတွင်းဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲများ၊ ကွန်းဖရင့်များ၊ သင်တန်းများပြုလုပ်နိုင်ရေးအတွက် ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်ခဲ့ခြင်း၊CCOP အဖွဲ့ဝင်နိုင်ငံအသီးသီးမှ တက်ရောက်လာသောကိုယ်စားလှယ်ဘူမိသိပ္ပံပညာရှင်များနှင့် အပြန်အလှန်တွေ့ဆုံရင်းနှီး ဆွေးနွေးခွင့် ရရှိခြင်းနှင့် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ခြင်းကြောင့် ဘူမိသိပ္ပံပညာနယ်ပယ်တွင် မြန်မာနိုင်ငံအား ယခင်ကထက် ပိုမိုသိရှိ လာနိုင်မည်ဖြစ် ပါသည်။



နေပြည်တော် Grand Amara Hotel တွင် ကျင်းပပြုလုပ်ခဲ့သော 68th CCOP Steering Committee Meeting Opening Ceremony အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဧည့်သည်တော်များ အား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားနေစဉ်။

Opening Ceremony အခမ်းအနားသို့ တက်ရောက်လာသော CCOP အဖွဲ့ဝင်နိုင်ငံများမှ Head of Delegation များအား တွေ့မြင်ရစဉ်။

Opening Ceremony အခမ်းအနားသို့ တက်ရောက်လာသော အဆင့်မြင့်အရာရိှများအား တွေ့မြင်ရစဥ်။

68th CCOP Steering Committee Meeting အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့အား တွေ့မြင်ရစဉ်။
CCOP အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်များမှ နေပြည်တော် မြန်မာ့ကျောက်မျက်ပြတိုက်သို့ သွားရောက်လေ့လာနေကြစဥ်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်ဆွေမှ CCOP Delegates များအား မန္တလေးတောင် နှင့်အနီးဝန်းကျင် ဘူမိဗေဒများအား ရှင်းလင်းဆွေးနွေးပေးနေစဥ်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်ဆွေမှ မြန်မာနိုင်ငံ စစ်ကိုင်းပြတ်ရွေ့နှင့် ပတ်သက်၍ ရှင်းလင်းနေစဥ်။ CCOP အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ မန္တလေးမြို့ အတုမရှိကျောင်းတွင် စုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဥ်။

CCOP အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ရေခါးအင်းရှိ စစ်ကိုင်းပြတ်ရွေ့ effect ကြောင့် ဖြစ်ပေါ်ခဲ့သော အနေအထားများပေါ်တွင် မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဥ်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm