Tel: 067409019 | Mail: messenger@e-mining.gov.mm
ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၏လုပ်ငန်းတာဝန်များ
၁။ ကောင်းကင်ဓာတ်ပုံနှင့် ဂြိုလ်တုပုံရိပ်များ အသုံးပြု၍ ပဏာမအဆင့် ဓာတ်ပုံဘူမိဗေဒ မြေပုံ ရေးဆွဲခြင်းလုပ်ငန်း။
၂။ ဒေသန္တရ ဘူမိဗေဒမြေပုံရေးဆွဲရေးနှင့် ပဏာမအဆင့် ဓာတ်သတ္တုရှာဖွေရေး စမ်းသပ် တိုင်းတာရေးလုပ်ငန်း။
၃။ ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်း။
၄။ စက်မှုကုန်ကြမ်းတွင်းထွက်ရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်း။
၅။ ဇလဘူမိဗေဒမြေအောက်ရေစမ်းသပ်တိုင်းတာခြင်းလုပ်ငန်း။
၆။ နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်း။
၇။ ဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ပြည်တွင်းကုမ္ပဏီများ၏ အကြီးစားနှင့် အသေးစား ဓာတ်သတ္တုနှင့် စက်မှုကုန်ကြမ်းတွင်းထွက် ရှာဖွေတူးဖော် ထုတ်လုပ်မှု အစီရင်ခံစာများအား စစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများ။
၈။ ပြည်ပတင်ပို့မည့် ဓာတ်သတ္တုနှင့် စက်မှုကုန်ကြမ်းတွင်းထွက်များအား ဈေးနှုန်း သတ်မှတ်ရေးအတွက် အမျိုးအစားနှင့် ပါဝင်နှုန်းများအား တိကျစွာ သတ်မှတ် ရောင်းချနိုင်ရန် သတ္တုတွင်းဦးစီးဌာန၊ သက်ဆိုင်ရာ လုပ်ငန်း/ ဌာနများနှင့် ပူးပေါင်းကာ ကိုယ်စားပြု နမူနာ ရယူခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်း။
၉။ သေလဗေဒနှင့် ဓာတုဗေဒ ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်း။
၁၀။ ဘူမိရူပဗေဒ စမ်းသပ်တိုင်းတာခြင်းလုပ်ငန်း။
၁၁။ မြေတိုင်းလုပ်ငန်း။
၁၂။ လွန်တူးလုပ်ငန်း။
၁၃။ မြန်မာနိုင်ငံအတွင်း ဓာတ်သတ္တု ဖြစ်ထွန်းမှုနှင့် တိုင်းနှင့်ပြည်နယ်အလိုက် ဓာတ်သတ္တု ဖြစ်ထွန်းမှုများကို နှစ်အလိုက် မှတ်တမ်းတင်ခြင်းလုပ်ငန်း။
၁၄။ GIS နည်းဖြင့် ဘူမိဗေဒမြေပုံများကို Digital မြေပုံရေးဆွဲရေးလုပ်ငန်း။
၁၅။ ASEAN Mineral Database ဆောင်ရွက်ရေးလုပ်ငန်း။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm