Tel: 067409019 | Mail: messenger@e-mining.gov.mm



အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့ Bengal Chamber of Commerce and Industry (BCCI) မှ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနသို့ သတ္တုကဏ္ဍနှင့် ပတ်သက်၍ သိရှိလိုသည်များအား၂.၅.၂၀၁၃ ရက်နေ့ တွင် လာရောက် ဆွေးနွေး မေးမြန်းနေစဉ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Ningxia Hengtai Investment co. ltd မှ ခဲ၊ သွပ်၊ သံ၊ ကြေးနီနှင့် ပတ်သက်၍ သိရှိလိုသည်များအား ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနနှင့် အမှတ် ၁ သတ္တုတွင်းလုပ်ငန်းတို့မှ  ၃.၅.၂၀၁၃ ရက်နေ့တွင် ဝိုင်းဝန်းဆွေးနွေးပေးနေစဉ်။

ကိုရီးယားသမ္မတနိုင်ငံ ဘူမိသိပ္ပံနှင့်ဓာတ်သတ္တုသယံဇာတတက္ကသိုလ် (KIGAM) မှ Dr IL-MO KANG  နှင့် Dr KWANG MIN JIN ဘ.ဓ.ရနှင့် ပူးပေါင်း၍ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဘိုပီဘွန်းတောင် ဝန်းကျင်ဒေသတွင် ခရိုမိုက်သတ္တုရှာဖွေစမ်းသပ် သုတေသနပြုကွင်းဆင်းခရီးစဉ်တွေ့ရှိမှုများအား ရှင်းလင်းနေစဉ်။

 ကိုရီးယားသမ္မတနိုင်ငံ Daewoo co. ltd.မြန်မာနို်ငံ Myanmar Precious Resource co. ltd တို့မှ အကျိုးတူဖက်စပ်သတ္တုကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ လာရောက်ဆွေးနွေစဉ်

ဖင်လန်နိုင်ငံဘူမိဗေဒလေ့လာရေးဌာနမှပညာရှင်များ လာရောက်၍  ဘူမိဗေဒဆိုင်ရာ သုတေသန လုပ်ငန်းများ၊ နည်းပညာပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဥ်များ၊ အချက် အလက်သိုမှီ ထိန်းသိမ်းရေးနည်းစနစ်များ၊ သတ္တုတွင်းဥပဒေ၊ နည်းပဒေအကြံပေးခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အကူအညီပေးနိုင်ရန်အတွက် လာရောက်ဆွေးနွေးနေစဉ်။

 ဂျပန်နိုင်ငံ Nittetsu co. ltd. မှ မြန်မာနိုင်ငံတွင် ခဲမဖြူ - အဖြိုက်နက်သတ္တုရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ လာရောက်ဆွေးနွေးစဉ်။