Tel: 067409019 | Mail: messenger@e-mining.gov.mm
ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၏ ၂၀၁၃ ခုနှစ် ဇွန်လအတွင်း မှတ်တမ်းဓါတ်ပုံများ

ရန်ကုန်တက္ကသိုလ် ၂၀၁၂-၁၃ ပညာသင်နှစ်တွင် မဟာသိပ္ပံဘွဲ ရရှိအောင်မြင်ခဲ့သော လက်ထောက်ဘူမိဗေဒအရာရှိ ဦးအောင်သန်းမှ "Occurrences of Lead Mineralization in Shwetaung – Yebok area, Yengan Township, Shan State(South)" ဘွဲယူစာတမ်းအား ဖတ်ကြားတင်ပြနေစဉ်။

ရန်ကုန်တက္ကသိုလ် ၂၀၁၂-၁၃ ပညာသင်နှစ်တွင် မဟာသိပ္ပံဘွဲ့ရရှိအောင်မြင်ခဲ့သော လက်ထောက်ဘူမိဗေဒအရာရှိ ဦးညီညီမျိုးမှ " Rock and Soil Geochemical Investigation of Lead – Zinc Mine in Londa Area, Hsihseng Township, Shan State" ဘွဲ့ယူစာတမ်းအား ဖတ်ကြားတင်ပြနေစဉ်။

ဂျပန်နိုင်ငံ၊ Japan Oil , Gas and Metal National Corporation (JOGMEC), Geologist, Mr. Yoji Sasaki မှ ကယားပြည်နယ်၊ မော်ချီးသတ္တုတွင်းဒေသနှင့် မြန်မာနိုင်ငံအလယ်ပိုင်း မီးတောင်ရပ်ဝန်းဒေသများသို့ ပဏာမကွင်းဆင်းလေ့လာရေး ခရီးစဉ် သွားရောက်ခဲ့ခြင်းအား ရှင်းလင်းတင်ပြနေစဉ်။

ဂျပန်နိုင်ငံ၊ Japan Oil , Gas and Metal National Corporation (JOGMEC), Mr. မှ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဘူမိဗေဒလေ့လာရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ညွှန်ကြားရေးမှူးချုပ်နှင့် လာရောက်တွေ့ဆုံကာ အကြို ညှိနှိုင်း ဆွေးနွေးနေစဉ်။

သြစတြေးလျနိုင်ငံ AML co. ltd. မှ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကမ်းရိုးတန်း တစ်လျောက် Mineral Sand စမ်းသပ်လေ့လာရေး ပဏာမကွင်းဆင်းခရီးသွားရောက်ခဲ့ မှုနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ်သို့ ရှင်းလင်းတင်ပြနေစဉ်။

ရုရှားနိုင်ငံ Nobel Gold Co. Ltd. မှ လုပ်ငန်းညှိနှိုင်းအစည်အဝေးတွင် လုပ်ငန်း ပြီးစီး တိုးတက်မှုများအား တင်ပြနေစဉ်။

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြုလုပ်ခဲ့သော 2nd Meeting of the Board of Judges for Coal Awards 2013 နှင့် 11th Meeting of the ASEAN Forum on Coal (AFOC) Council ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော သတ္တုတွင်းဝန်ကြီးဌာနမှ ဝန်ထမ်း ၂ ဦးအား တွေ့မြင်ရစဉ်။

2nd Meeting of the Board of Judges for Coal Awards 2013 နှင့် 11th Meeting of the ASEAN Forum on Coal (AFOC) Council ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးနေကြစဉ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် အရှေ့ဖျားအာရှနှင့် အရှေ့တောင် အာရှနိုင်ငံ များ၏ ဘူမိသိပ္ပံဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ (Coordinating Committee for Geoscience Programmes in East and Southeast Asia – CCOP) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘူမိဗေဒ လေ့လာရေးဌာန (China Geological Survey – CGS) တို့ ပူးပေါင်း၍ (၁၈.၆.၂၀၁၃) ရက်နေ့မှ (၂၀.၆.၂၀၁၃) ရက်နေ့ထိ ကျင်းပပြုလုပ်သည့် ဘူမိရူပဗေဒနှင့် ဘူမိဓာတုဗေဒ ဘက်စုံအချက်အလက်များ စစ်ဆေးအကဲဖြတ်ခြင်း ဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ်။

ဘူမိရူပဗေဒနှင့် ဘူမိဓာတုဗေဒ ဘက်စုံအချက်အလက်များ စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ " Geophysical and Geochemical Data Processing Activities and Techniques Used in National Geological Surveys " ခေါင်းစဉ်ဖြင့် ဘူမိဗေဒအရာရှိကြီး ဒေါက်တာမြင့်စိုးမှ စာတမ်းဖတ်ကြားနေစဉ်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm