Tel: 067409019 | Mail: messenger@e-mining.gov.mm



ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၏ ၂၀၁၃ခုနှစ် ဧပြီလ အတွင်း မှတ်တမ်းဓာတ်ပုံများ

ဂျပန်နိုင်ငံ Mitsubishi Materials Corp's မှ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနသို့ သတ္တုကဏ္ဍနှင့်ပတ်သက်၍ သိရှိလိုသည်များအား၂.၄.၂၀၁၃ ရက်နေ့ တွင် လာရောက်ဆွေးနွေးမေးမြန်းနေစဉ်။

ဒုတိယညွှန်ကြားရေးမှူး ဦးကီးဖေမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်နှင့် မင်းကင်းမြို့နယ်ဝန်းကျင်ဒေသများတွင် ထုံးကျောက်နှင့် ကျောက်မီးသွေး ရှာဖွေရေးနှင့် စမ်းသပ်တိုင်းရေးလုပ်ငန်းများအား ကျွမ်းကျင်မှုကော်မတီသို့ ရှင်းလင်းတင်ပြနေစဉ်။

ဘူမိဗေဒအရာရှိ ဦးဝင်းမြင့်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး - ကလေးဝ - မော်လိုက် မြို့နယ်ဝန်းကျင်ဒေသများတွင် ကျောက်မီးသွေး တိုးချဲ့ရှာဖွေ စမ်းသပ်တိုင်းတာရေး လုပ်ငန်း များနှင့်ပတ်သက်၍ ကျွမ်းကျင်မှု ကော်မတီသို့ တင်ပြနေစဉ်။

ဘူမိဗေဒအရာရှိ ဦးခင်စိုးမှ မန္တလေးတိုင်း၊ ဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင် ဝန်းကျင်ဒေသတွင် ဂရက်ဖိုက်နှင့် အခြားသတ္တုများ ရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်း များနှင့် ပတ်သက်၍ ၅.၄.၂၀၁၃ ရက်နေ့တွင် ကျွမ်းကျင်မှုကော်မတီသို့ ရှင်းလင်းတင်ပြ နေစဉ်။

လက်ထောက်ဘူမိဗေဒအရာရှိ ဦးအောင်ကျော်မိုးမှ ရှမ်းပြည်နယ်၊ ကလောမြိုနယ်၊ ရွှေမင်းဖုံးဒေသ ရွှေစမ်းသပ်တိုင်းတာရေး ကွင်းဆင်းလုပ်ငန်းများနှင့် ပတ်သက်၍ ကျွမ်းကျင်မှုကော်မတီသို့ တင်ပြနေစဉ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ De Rui Feng co. ltd. မှ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြစ်ကြောင်းရှင်းလင်းရေးနှင့် ခဲမဖြူ-အဖြိုက်နက်ဓာတ်သတ္တုဖြစ်ထွန်းမှု စမ်းသပ် တိုင်းတာရေးနှင့် ဖြစ်မြောက် နိုင်စွမ်းလေ့လာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ၂၃.၄.၂၀၁၃ ရက်နေ့တွင် လာရောက်ဆွေးနွေးနေစဉ်။

ရန်ကုန်တက္ကသိုလ်၊ ဘွဲ့လွန်အသုံးချ ဘူမိဗေဒဒီပလိုမာ ဘွဲ့သင်တန်း (၂၀၁၃-၂၀၁၄) သို့ တက်ရောက်ကြမည့် ဘူမိဗေဒဝန်ထမ်းငယ်များအား ဌာနတာဝန်ရှိသူများမှ အမှာစကား ပြောကြားနေစဉ်။

ဂျပန်နိုင်ငံ အမျိုးသားရေနံ၊ သဘာ၀ဓာတ်ငွေ့နှင့် သတ္တုကော်ပိုရေးရှင်း (JOGMEC) မှ Director General, Mr. Suzuki မှ မြန်မာနိုင်ငံအတွင်း ဓာတ်သတ္တုဖြစ်ထွန်းမှု အလားအလာရှိသည့် ဒေသများတွင် ပဏာမအဆင့် ဘူမိဗေဒနှင့် ဓာတ်သတ္တုစူးစမ်းလေ့လာတိုင်းတာခြင်းလုပ်ငန်း များ ၂၀၁၃ မှ ၂၀၁၅ အထိ ပူးပေါင်းဆောင်ရွက်ရန်အတွက် ၃၀.၄.၂၀၁၃ ရက်နေ့တွင် လာရောက်ဆွေးနွေးနေစဉ်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် Remote Sensing and GIS သင်တန်း ဖွင့်လှစ် သင်ကြားနေစဉ်။

Remote Sensing and GIS သင်တန်းသို့ တက်ရောက်သော သင်တန်းသား ဝန်ထမ်းများအား တွေ့မြင်ရစဉ်။

ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပခဲ့သော ဓာတ်သတ္တုသယံဇာတများ ရှာဖွေလေ့လာရေးနှင့် ပထဝီပိုင်းဆိုင်ရာ သတင်းအချက်အလက်စနစ် / အဝေးမှ စူးစမ်းလေ့လာသည့်နည်းစဉ် ဆွေးနွေးပွဲ သင်တန်းဆင်းပွဲတွင် ဌာနမှ လက်ထောက် ဘူမိဗေဒအရာရှိ ၂ ဦးအား တွေ့မြင် ရစဉ်။

ကိုရီးယားသမ္မတနိုင်ငံ၏ အရှေ့မြောက်ဘက်တွင်ရှိသော Cheonpo Gold Mine သို့ ဌာနမှ လက်ထောက်ဘူမိဗေဒအရာရှိ ၂ ဦး သွားရောက်လေ့လာစဉ်။