Tel: 067409019 | Mail: messenger@e-mining.gov.mm
ကမ်းရိုးတန်းဒေသများ၏ ဘူမိဗေဒနှင့် ကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များ လေ့လာခြင်း ဆိုင်ရာသင်တန်းသို့တက်ရောက်ခဲ့ခြင်း
၁။ ကိုရီးယားသမ္မတနိုင်ငံ ဒေဂျုံးမြို့ Korea Institute of Geoscience and Mineral Resources (KIGAM)နှင့် ဂျယ်ဂျူးကျွန်းတို့တွင် ကျင်းပဖွင့်လှစ်ခဲ့သည့် ကမ်းရိုးတန်းဒေသများ၏ ဘူမိဗေဒနှင့် ကမ်းရိုးတန်း ဒေသများတွင် ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များလေ့လာခြင်းဆိုင်ရာသင်တန်းသို့ ဘူမိေဗဒ လေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ လက်ထောက်ဘူမိဗေဒအရာရှိ ဦးသန်းဦးနှင့် သတ္တုတွင်းဦးစီး ဌာနမှ လက်ထောက်ဦးစီးမှူး ဦးဉာဏ်လင်းအောင်တို့သည် ၅.၁၀.၂၀၁၅ ရက်နေ့မှ ၂၁.၁၀.၂၀၁၅ ရက်နေ့ထိ တက်ရောက်ခဲ့ပါသည်။
၂။ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ တီမောလက်စတီစသည့် စုစုပေါင်းနိုင်ငံ ၉ နိုင်ငံတို့မှ သင်တန်းသား ၁၆ ဦး တက်ရောက်ခဲ့ပါသည်။
၃။ အလုပ်ရုံဆွေးနွေးပွဲကို ဂျယ်ဂျူးကျွန်းတွင် ၅.၁၀.၂၀၁၅ ရက်နေ့မှ ၇.၁၀.၂၀၁၅ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ဂျယ်ဂျူး(Geopark) ကမ်းရိုးတန်းဒေသများသို့ ၈.၁၀.၂၀၁၅ ရက်နေ့မှ ၉.၁၀.၂၀၁၅ ရက်နေ့ထိ လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။ ကမ်းရိုးတန်းဒေသများ၏ ဘူမိဗေဒနှင့် ကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များ လေ့လာခြင်းဆိုင်ရာသင်တန်းကို ဒေဂျုံးမြို့၊ ကိုရီးယား ဘူမိသိပ္ပံနှင့် ဓာတ်သတ္တုအရင်းအမြစ်ဆိုင်ရာတက္ကသိုလ် (Korea Institute of Geoscience and Mineral Resources, KIGAM) တွင် ၁၂.၁၀.၂၀၁၅ ရက်နေ့မှ ၁၄.၁၀.၂၀၁၅ ရက်နေ့ထိ တက်ရောက်သင်ယူခဲ့ရာ သင်ခန်းစာအပိုင်း(၂)ခေါင်းစဥ်ဖြစ်သော ဒီရေကြောင့်ဖြစ်ပေါ်သော ကမ်းရိုးတန်းအနေအထားနှင့် လူမှုအဖွဲ့အစည်း အပေါ်အကျိုးသက်ရောက်မှု (Tide dominated Coasts and Human Impacts ) ဘာသာရပ်ကို ဂျာမဏီနိုင်ငံ ပါမောက္ခ Dr. Burghard W Flemming မှ သင်ကြားပို့ချခဲ့ပြီး လေ့လာရေးခရီးစဥ်အဖြစ် ၁၅.၁၀.၂၀၁၅ ရက်နေ့မှ ၁၇.၁၀.၂၀၁၅ ရက်နေ့ထိ ကိုရီးယားသမ္မတနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသ များသို့လည်းကောင်း၊ သင်ခန်းစာအပိုင်း(၃)ခေါင်းစဥ်ဖြစ်သော ဒီရေလှိုင်းကြောင့်ဖြစ်ေပါ်သော ကမ်းရိုးတန်း အနေအထားနှင့် ကမ်းရိုးတန်းဘူမိသဘာဝ ဘေးအန္တရာယ် (Wave dominated Coasts and Coastal Geohazards) ဘာသာရပ်ကို သြစတေးလျနိုင်ငံ ပါမောက္ခ Dr. Andrew Short မှ ၁၉.၁၀.၂၀၁၅ ရက်နေ့မှ ၂၁.၁၀.၂၀၁၅ ရက်နေ့ထိလည်းကောင်း အသီးသီး သင်ကြားပို့ချခဲ့ပါသည်။




Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm