Tel: 067409019 | Mail: messenger@e-mining.gov.mm
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့ မော်ချီးဒေသတွင်
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သောမြေပြိုမှုများနှင့် ပတ်သက်၍ကွင်းဆင်းစစ်ဆေးပြန်လည်တိုင်းတာခြင်းလုပ်ငန်း
(၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာလ ၁၆)
ဒေါက်တာမြင့်စိုး၊ ညွှန်ကြားရေးမှူး နှင့် အဖွဲ့

ကယားပြည်နယ် ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင် ၂၀၁၅ ခုနှစ် အောက်တိုဘာ လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွား၍ အဆောက်အဦများ ပြိုကျပျက်ဆီး ခဲ့ရခြင်းနှင့် လူများသေဆုံးခဲ့ရခြင်းတို့ကြောင့် မြေပြိုမှုဖြစ်စဉ်များအား ဘူမိဗေဒဆိုင်ရာ ကွင်းဆင်းလေ့လာမှု လုပ်ငန်းများ ဆောင်ရွက်၍ အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားသောနေရာများအား အများပြည်သူ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ပြန်လည်တိုင်းတာပေးရန် ဖြစ်ပါသည်။
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၌ ၂၀၁၅ ခုနှစ် အောက်တို ဘာလ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းပြီး အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၂၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး မြေပြိုကျသော မော်ချီးဒေသရှိ လူနေအိမ်များနှင့် စာသင်ကျောင်းများသည် ဆက်လက်နေထိုင်ရန် မသင့်သည့်အတွက် ဘေးလွတ်ရာနေရာများတွင် ကယ်ဆယ်ရေးစခန်းများဖွင့်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။ သို့ဖြစ်ပါ၍ မြေပြိုမှုများနှင့်ပတ်သက်၍ ဘူမိဗေဒဆိုင်ရာအချက်အလက်များ တိုင်းတာရန်နှင့် မြေပြိုမှုများဖြစ်ပွားသည့် အကြောင်းအရင်းများ ဖော်ထုတ်ရန်အတွက် အမှတ် (၂) သတ္တုတွင်း လုပ်ငန်းနှင့် ပူးပေါင်းလေ့လာဆောင်ရွက်သွားရန်အတွက် သတ္တုတွင်းဝန်ကြီးဌာနနှင့် ကယားပြည်နယ် အစိုးရအဖွဲ့တို့မှ တာဝန်ပေးအပ်ခဲ့ပါသည်။
၂။ သတ္တုတွင်းဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်စိုး နှင့် အဖွဲ့ဝင် ၇ ဦး ပါဝင်သော ကွင်းဆင်းအဖွဲ့သည် ၂၈.၁၀.၂၀၁၅ ရက်နေ့မှ ၅.၁၁.၂၀၁၆ ရက်နေ့အထိ ြေမပြင်ဘူမိဗေဒဆိုင်ရာ ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
၃။ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကယားပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်မောင်သန်း ခေါင်းဆောင်သော အဖွဲ့ဝင် ၃ ဦး ပါဝင််သော ကွင်းဆင်းအဖွဲ့မှ ၂၅.၁၁.၂၀၁၅ မှ ၁၅.၁၂.၂၀၁၅ ရက်နေ့အထိ ကွင်းဆင်းစမ်းသပ်တိုင်းတာခဲ့ပါသည်။
၄။ သတ္တုတွင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဝင်းခေါင်းဆောင်သော အဖွဲ့ဝင် (၃) ဦးပါဝင်သော ကွင်းဆင်းအဖွဲ့မှ ၉.၁၂.၂၀၁၆ ရက်နေ့မှ ၁၈.၁၂.၂၀၁၆ ရက်နေ့အထိ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင် ဖြစ်ပွားခဲ့သောမြေပြိုမှုများနှင့်ပတ်သက်၍ မော်ချီးသတ္တုတွင်း မိုင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပါသည်။
၅။ ဖော်ပြပါကွင်းဆင်းလေ့လာရေးအဖွဲ့ (၃) ဖွဲ့မှ ကွင်းဆင်းလေ့လာတိုင်းတာ စစ်ဆေးချက်အရ မော်ချီး ဒေသတွင် နေရာ(၅)နေရာအား လူနေထိုင်ရန်မသင့်တော်သော Very High Hazard Zone နှင့် High Hazard Zone အဖြစ် သတ်မှတ်ခဲ့ပါသည် ။
၆။ ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုနှင့် ပတ်သက်၍ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကွင်းဆင်းအဖွဲ့ ၃ ဖွဲ့ဖြင့် ကွင်းဆင်း တိုင်းတာလေ့လာခြင်းများ ဆောင်ရွက်ခဲ့ရာတွင် လူနေထိုင်ရန်မသင့်သော အန္တရာယ်ဇုန်များ ခွဲခြား သတ်မှတ် ခဲ့ပါသည်။ အန္တရာယ်ဇုန်မှ လွတ်ကင်းသည့်နေရာ ရွှေ့ပြောင်းနေထိုင်ရန် ပြည်နယ်အစိုးရမှ ဆောင်ရွက်ခဲ့ ရာတွင် ဒေသခံပြည်သူများသည် အကြောင်းအမျိုးမျိုးဖြင့် ရွှေ့ပြောင်းနေထိုင်လိုခြင်း မရှိသောကြောင့် အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားသောနေရာများအား အများပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ပြန်လည်တိုင်းတာပေးပါရန် ကယားပြည်နယ်အစိုးရမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ အကြောင်းကြားညှိနှိုင်းခဲ့ပါသည်။
ထိုကြောင့်အောက်ပါကွင်းဆင်း၀န်ထမ်းများဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ်ခဲ့ပါသည်။
|
ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန | |||
|
စဥ် |
အမည် |
ရာထူး |
မှတ်ချက် |
|
(က) |
ဒေါက်တာမြင့်စိုး |
ညွှန်ကြားရေးမှူး |
အဖွဲ့ခေါင်းဆောင် |
|
( ခ) |
ဦးအောင်မင်း |
လက်ထောက်ညွှန်ကြားရေးမှူး/ဘူမိဗေဒအရာရှိ |
အဖွဲ့ဝင် |
|
(ဂ) |
ဦးဇော်မင်းလွင် |
လက်ထောက် ဘူမိဗေဒအရာရှိ |
အဖွဲ့ဝင် |
|
(ဃ) |
ဦးဖြိုးဝေဝင်း |
လက်ထောက်ဘူမိဗေဒအရာရှိ |
အဖွဲ့ဝင် |
|
သတ္တုတွင်းဦးစီးဌာန | |||
|
စဥ် |
အမည် |
ရာထူး |
မှတ်ချက် |
|
(က) |
ဦးအောင်ထူး |
အင်ဂျင်နီယာမှူး |
အဖွဲ့ဝင် |
|
အမှတ် (၂) သတ္တုတွင်းလုပ်ငန်း | |||
|
(က) |
ဦးမြင့်ရွှေ |
လက်ထောက် အထွေထွေမန်နေဂျာ |
မော်ချီးသတ္တုတွင်းတာဝန်ခံ |
|
( ခ) |
ဦးစန်းဝင်းအောင် |
တာဝန်ခံအင်ဂျင်နီယာ |
လွိုင်ကော်မြို့တာဝန်ခံ |
|
( ဂ) |
ဦးအေးမင်းဦး |
လက်ထောက်ဘူမိဗေဒအရာရှိ |
နေပြည်တော်ရုံးချုပ် |
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm