Tel: 067409019 | Mail: messenger@e-mining.gov.mm
လုပ်ငန်းတာဝန်များ
နိုင်ငံတော်က လက်ရှိကျင့်သုံးလျှက်ရှိသော စျေးကွက်စီးပွားရေးစနစ်အရ ပုဂ္ဂလိကအခန်းကဏ္ဍသို့ ကူးပြောင်းလျှက်ရှိသဖြင့် သတ္တုရှာဖွေစမ်းသပ်တူးဖော်ရေးလုပ်ငန်းများအား ဆောင်ရွက်ရာတွင် ပြဌာန်းထားသော သတ္တုတွင်းဥပဒေနှင့်အညီ စီစစ်ခွင့်ပြုခြင်း၊ စစ်ဆေး ခြင်း၊ အခွန်အခများ စည်းကြပ်ကောက်ခံခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကွပ်ကဲခြင်းလုပ်ငန်းမျာကို ဆောင်ရွက်ရန်ဖြစ်ပါသည်။
တာဝန်နှင့် ဝတ္တရားများ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) သတ္တုရှာဖွေစမ်းသပ်တူးဖော် ဆင့်တက်ပြုပြင်ရေး လုပ်ငန်းများအတွက် လျှောက်ထားလာသော အဆိုပြု လျှောက်လွှာ များအား မြန်မာ ့သတ္တုတွင်း ဥပဒေ နှင့်အညီ စနစ်တကျ စီစစ်၍ ခွင့်ပြုမိန့်များ ထုတ်ပေးခြင်း။
(၂) သတ္တုတွင်းဥပဒေနှင့် နည်းဥပဒေများအား အချိန်အခါ အခြေအနေနှင့်အညီ လျော်ညီထိရောက်မှု ရရှိစေရန် လိုအပ်သည့် ပြင်ဆင်ဖြည့်စွတ်ချက်များ ထုတ် ပြန်ပြဌာန်းခြင်း။
(၃) နိုင်ငံတကာ သတ္တုကဏ္ဍနှင့် ဆက်သွယ်ညှိနှိုင်း သည့် ကိစ္စရပ်များ ဆောင်ရွက်ခြင်း။
(၄) သတ္တုတွင်းလုပ်ငန်းခွင် အဆင့်အသီးသီးတွင် တာဝန် ဆောင်ရွက်ကြသော ကျွမ်းကျင်ဝန်ထမ်းများ နည်းပညာ အရည် အသွေး မြင့်မားမှုရှိစေရန် ပညာပေး သင်တန်း များ ပို့ချခြင်း။
(၅) ရေနံနှင့် ဓာတုဗေဒဓာတ်ငွေ့ရည်များ၊ ပေါက်ကွဲစေတတ် သောပစ္စည်းများ၊ သယ်ပို့သိုလှောင်သုံးစွဲရာတွင် တည်ဆဲ ရေနံ ဥပဒေနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်း ဥပဒေ အရ လိုအပ်သလို စစ်ဆေးကြပ်မတ်ခြင်း။
(၆) မြန်မာ့သတ္တုတွင်းဥပဒေနှင့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ ခွင့်ပြုမိန့်ရရှိထားသော အဖွဲ့အစည်း၊ ကုမ္ပဏီ/ အသင်း အဖွဲ့များအား ဥပဒေပါ ပြဌာန်းချက်နှင့်အညီ လိုက်နာမှုရှိစေရန် စစ်ဆေးကြပ်မတ်ခြင်း။
(၇) ဓာတ်သတ္တု တူးဖော်ထုတ်လုပ်ခြင်းနှင့် ဆင့်တက်ပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဓာတ်သတ္တု သယံဇာတများ လေလွင့်ပြုန်းတီးမှုမရှိစေရန် စီစစ်ကြပ်မတ်ခြင်း။
(၈) ဓာတ်သတ္တုတူးဖော်ထုတ်လုပ် ဆင့်တက်ပြုပြင်ခြင်း လုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခို က်ညစ်ညမ်းမှု အန္တရာယ် မဖြစ်ပေါ်စေရန် လုပ်ငန်းမစမီ ကြိုတင်စီစစ် ခြင်းလုပ်ငန်း ဆောင်ရွက်စီစစ်ကြပ်မတ်ခြင်း၊ လုပ်ငန်း ပြီးစီးချိန် ပြန်လည် ထူထောင်မှုနှင့် ပြန်လည် ပြင်ဆင်မှုများ ဆောင်ရွက်စေရန် ကြပ်မတ်ခြင်း။
(၉) သတ္တုတွင်းဝန်ကြီးဌာနတစ်ခုလုံး၏ ဘဏ္ဍာငွေရရှိ သုံးစွဲ မှုများ စနစ်တကျစီမံခန့်ခွဲခြင်း၊ ဓာတ်သတ္တု ဖက်စပ်နှင့် ပုဂ္ဂလိက လုပ်ငန်းများ၏ စာရင်းအင်းများကို စစ်ဆေးခြင်း။
(၁၀) သတ္တုတွင်းဝန်ကြီးဌာနအတွက် ပြည်ပမှ မှာယူတင် သွင်းမှုများ၊ ပြည်ပပို့ဆောင်ရောင်းချ မှုများ စစ်ဆေး တင်ပြခြင်း။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm