Tel: 067409019 | Mail: messenger@e-mining.gov.mm



ယမ်းတိုက်တစ်လုံးတည်ဆောက်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်အဆင့်

၁။ ဆောက်လုပ်လိုသည့် ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာနသို့လိပ်မှု၍  လျှောက်ထားရမည်။

 (ကုမ္ပဏီဖြစ်ပါက အကျိုးတူဆောင်ရွက်သည့်ဌာနမှ တစ်ဆင့် လျှောက်ရန်)

 - မိတ္တူကို ကကကြည်း(တာဝန်)နှင့် ကကနက်သို့ ပေးရန်။

၂။ လျှောက်လွှာနှင့်အတူ -

 (က) သက်ဆိုင်ရာ စစ်တိုင်းထောက်ခံချက်။

 ( ခ ) တပ်/ရဲစခန်းမှ (၂၄) နာရီလုံခြုံရေးထောက်ခံချက်။

 ( ဂ ) ဝင်ဆန့်ပမာဏ။

 (ဃ) တည်နေရာပြမြေပုံ။

၃။ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ကကကြည်း(တာ၀န်) ဌာနခွဲသို့ တင်ပြရန်၊ ကကနက်နှင့်သက်ဆိုင်ရာဌာနသို့ မိတ္တူပို့ရန်။

၄။ ကကကြည်း(တာ၀န်)ဌာနခွဲမှ ကကနက်သို့ ယမ်းတိုက်မြေနေရာရွေးရန်ညွှန်ကြား၊ မိတ္တူကို သတ္တုတွင်းဦးစီးဌာနပို့ရန်။

၅။ ကကနက်မှ ယမ်းတိုက်မြေနေရာရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းပါသည်။

၆။ ကွင်းဆင်းအတည်ပြုမှတ်တမ်းကို ကကနက်မှ ကကကြည်း (တာ၀န်) ဌာနခွဲသို့ပို့ရန်။

၇။ မထားသိုမီ ထားသိုခွင့်ကို သတ္တုတွင်းဦးစီးဌာနသို့ တောင်းခံရန်။