Tel: 067409019 | Mail: messenger@e-mining.gov.mm
သတ္တုတွင်းဦးစီးဌာန

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ဓါတ်သတ္တုဆိုင်ရာလုပ်ငန်းများကို
မြန်မာသတ္တုတွင်းဥပဒေ(၁၉၉၄)နှင့် မြန်မာ့သတ္တုတွင်းနည်းဥပဒေ
များ(၁၉၉၆)အရ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါသည်။
သတ္တုတွင်းဦးစီးဌာနသည် မြန်မာ့သတ္တုတွင်းဥပဒေအရ သတ္တုတွင်းများအားစစ်ဆေးခြင်း၊ ဓါတ်သတ္တုထိန်းသိမ်းခြင်း၊ ဓါတ်သတ္တုတူးဖော်မှုကြောင့် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင်ထိခိုက် မှုများအား ထိန်းသိမ်းခြင်း၊ သတ္တုတွင်းများ၌ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သက်သာ ချောင်ချိမှုရရှိစေရေးတို့ကို စီမံခန့်ခွဲရန်တာဝန်ရှိပါသည်။ ညွှန်ကြားရေးမှူးချုပ်သည် မြန်မာ့သတ္တုတွင်းဥပဒေအရ သတ္တုတွင်း စစ်ဆေးရေးအရာရှိချုပ်ဖြစ်ပြီး မြန်မာ့သတ္တုတွင်း ဥပဒေအရ လျှောက်ထားလာမှုများကို စိစစ်ရန်နှင့် ခွင့်ပြုပေးနိုင်ရန် တာဝန်ရှိပါသည်။ ဦးစီးဌာနသည် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေး လျက်ရှိပါသည်။ နိုင်ငံပိုင်သတ္တုတွင်းများအား ပုဂ္ဂလိကကဏ္ဍတို့လွှဲပြောင်းလုပ်ကိုင်စေလျက်ရှိ သည့်အပြင် သတ္တုကဏ္ဍ၌ ပုဂ္ဂလိကလုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံထားရေးကိုလည်း အားပေးမြှင့်တင်လျက်ရှိပါသည်။ ဦးစီးဌာနသည် ဝန်ကြီးဌာနမှ ချမှတ်ထားသည့် ဓါတ်သတ္တုဆိုင်ရာ မူဝါဒများကို အကောင်အထည်ဖော်ရန်အတွက် အခြေခံအချက်အလက်များ စုစည်းခြင်းနှင့် စီမံချက်များကို ရေးဆွဲခြင်းတို့ကိုလည်းဆောင်ရွက်လျက်ရှိပါသည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm