မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြေပွဲနှင့် လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ပွဲကျင်းပ နေပြည်တော် ၂-၄-၂၀၂၄

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမနှင့် အဆောက်အဦအရှေ့ အလံတိုင် ကွင်းတို့၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

          ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဥတ္တရခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင် မီးသတ်ဦးစီးမှူးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ အသိ ပညာပေး ဟောပြောခဲ့ပြီး ဝန်ထမ်းများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင် မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးပြောကြားပါသည်။

          ပြီးနောက် ရုံးအမှတ်-၁၉ အဆောက်အဦအရှေ့ အလံတိုင်ကွင်း၌ လက်တွေ့ သရုပ်ပြ မီးငြိမ်းသတ်နည်းများ ပြုလုပ်ရာ တက်ရောက်လာသည့် ဝန်ထမ်းများမှ လက်တွေ့ မီးငြိမ်းသတ် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

Admin

Admin

Top