Tel: 067409019 | Mail: messenger@e-mining.gov.mm



အင်ကြင်းကျောက် ပြည်တွင်းသယ်ဆောင်ခွင့်လက်မှတ်(မျှော) လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်

(၁)   ဆင့်တက်ပြုပြင်ပြီး အင်ကြင်းကျောက်များအား သက်ဆိုင်ရာကုမ္ပဏီမှ ပြည်တွင်းသယ်ဆောင် ရောင်းချခွင့် ပြုပါရန် အတွက် သယ်ဆောင်ခွင့်လက်မှတ်(မျှော) ထုတ်ပေးနိုင်ပါရန် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသို့ အဆိုပြု  တင်ပြ လျှောက်ထားရပါမည်။

(၂)  အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ ကုမ္ပဏီ၏ အဆိုပြုတင်ပြလာမှုအပေါ် အင်ကြင်းကျောက် လုပ်ငန်းရှင်များအသင်းမှ စိစစ်၍ ထောက်ခံ(သို့မဟုတ်) ကန့်ကွက်မှုရှိ/မရှိတို့ကို အသင်း၏ သဘောထားမှတ်ချက်အား ပြန်လည်တင်ပြစေပါ သည်။

(၃)  အင်ကြင်းကျောက်အသင်းမှ ကန့်ကွက်ရန်မရှိဘဲ ထောက်ခံတင်ပြလာပါက အင်ကြင်းကျောက်များ၏ အရည်အသွေး၊ အဆင့်အတန်းနှင့် တန်ချိန်ပမာဏတို့အား စစ်ဆေးရန်အတွက် အောက်ဖော်ပြပါ ဌာနများမှ  ကိုယ်စားလှယ်(၁)ဦးစီ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးပါသည်-

            (က)     သတ္တုတွင်းဦးစီးဌာန

            (ခ)       ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန

            (ဂ)       အမှတ်(၁)သတ္တုတွင်းလုပ်ငန်း

            (ဃ)     မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း

            (င)       သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

            (စ)       အင်ကြင်းကျောက်လုပ်ငန်းရှင်များအသင်း

(၄)   ကွင်းဆင်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာပါ အတန်းအစားနှင့် တန်ချိန်ပမာဏအပေါ် သက်ဆိုင်ရာ မြို့နယ်အထွေ​ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထောက်ခံထားသော ဒေသပေါက်စျေး မြန်မာကျပ်ငွေဖြင့် ဓာတ်သတ္တုခွန် (၂%)နှင့် ခွဲဝေမှု အချိုး(၈.၂၅%)တို့အား တွက်ချက်၍ သတ္တုတွင်းဦးစီးဌာနနှင့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသို့ ပေးသွင်း စေပြီးနောက် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြအတည်ပြုချက်ရယူ၍ ကုမ္ပဏီသို့ ပြည်တွင်း သယ်ဆောင်ခွင့် လက်မှတ်(မျှော) ထုတ်ပေးပါသည်။