Tel: 067409019 | Mail: messenger@e-mining.gov.mm
မိုးရာသီလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကြပ်မတ် ဆောင်ရွက်သွားရန်
မိုးရာသီလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားရန်အတွက် အောက် ဖော်ပြပါ ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ထားရှိရန် လိုအပ်ပါသည် -
|
(က) |
မြေပေါ်ဟင်းလင်းဖွင့် သတ္တုတွင်း ( Open Cast Mine ) များတွင် မြေသား ကမ်ပါးယံများ ကိုလှေခါးထစ် (Bench )စနစ်ဖြင့်တူးဖော်ရန် ( Bench Height ) နှင့် ( Bench Slope ) ကို သတ္တုတွင်းဒီဇိုင်း ( Mine Design ) နှင့်အညီ တူးဖော် ဆောင်ရွက်ရန်နှင့် စွန့်ပစ်မြေစာများကိုလည်း သတ်မှတ်ထားသည့်နေရာတွင် စနစ် တကျ ထားရှိ စွန့်ပစ်စေရန်။ |
|
(ခ) |
မိုးရွာသွန်းမှုကြောင့် မြေပေါ်ဟင်းလင်းဖွင့် သတ္တုတွင်းအတွင်းသို့ ဝင်ရောက်လာသည့် ရေများကို ကောင်းမွန်စွာ စွန့်ထုတ်နိုင်ရေးအတွက် ရေနုတ်မြောင်း( Drainage ) များ၊ ရေစုကန် (Sump ) များအား ရှင်းလင်းထားရှိရန်နှင့် ရေစုပ်စက် ( Pump ) များကို ကြံ့ခိုင် ကောင်းမွန်အောင် ဆောင်ရွက်ထားရှိပြီး အရံ ( Pump )များကိုလည်း အသင့် တပ်ဆင် ထားရှိရန်။ |
|
(ဂ) |
မြေပေါ်ဟင်းလင်းဖွင့်သတ္တုတွင်းများ၏ လုပ်ကွက်ကမ်းပါးယံတစ်လျှောက် ဖြတ်သန်း ဖောက်လုပ်ထား သောလမ်း ( Haul Road )များအား ရေတိုက်စားမှု၊ မြေပြိုကျမှုများ မရှိစေရေးအတွက် ထိန်းသိမ်း ရေးအစီအမံများကို ကြိုတင်၍ဆောင်ရွက်ထားရှိရန်နှင့် မိုးရာသီကာလ အတွင်းလမ်း (HaulRoad) များကို နေ့စဉ်စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်။ |
|
(ဃ) |
မိုးရာသီကာလ၌မြေအောက်သတ္တုတွင်း ( Underground Mine ) များတွင် ရေယိုစိမ့်မှု များပြား လာမည်ဖြစ်၍ ပြည့်စုံလုံလောက်သည့် ရေထုတ်စနစ် (Dewatering System ) ထားရှိ ဆောင်ရွက်ရန်နှင့် ဆင်းတွင်း ( Shaft ) များ၊ လှိုဏ် ( Tunnel, Adit, Cross-Cut ) များ၊ တူးဖော်ရေး လုပ်ကွက် (Stope) များ ကြံ့ခိုင်ရေးကို အထူး အလေးပေးဆောင်ရွက်ရန်။ |
|
(င) |
ပင်မဆင်းတွင်း ( Main Shaft ) များအတွင်းသို့ ရေစီးဝင်မှုမရှိစေရေးအတွက် မြေပေါ်(Surface)တွင် ရေလွှဲမြောင်းများဖောက်လုပ်ထားရှိရန်နှင့် ရေတိုက်စားမှုနှင့် ရေယိုစိမ့်မှု ကြောင့် လှိုဏ်အဝ ( Portal of Tunnel or Adit ) ပြိုပျက်မှု မရှိစေရေး အတွက် ကြိုတင် စီမံထားရှိရန်။ |
|
(စ) |
မိုးရာသီကာလအတွင်း ရေဖိအားကြောင့် မြေအောက် သတ္တုတွင်းများ၏ အမိုးနှင့် ဘေးနံရံများတွင် ထောက်ကန်ထားသည့် သစ်သားထောက်တိုင်များအပေါ် သက်ရောက်မှုရှိနိုင်သဖြင့် နေ့စဉ်လုပ်သားများ လုပ်ငန်းခွင်သို့ မဝင်မီစစ်ဆေးရန်နှင့် ထောက်တိုင်သစ်သား (Timber Support ) များအက်ကွဲလာပါက အမြန်လဲလှယ် ဆောင်ရွက်ရန် (သို့မဟုတ်) ယာယီ ထိန်း ထောက်ရန်။ |
|
(ဆ) |
မိုးရာသီကာလတွင် ရေစိမ့်နှုန်းများ၍ မြေသားတည်ငြိမ်မှုမရှိသော မြေအောက်လုပ်ကွက်များကို မြေသား တည်ငြိမ်မှုရှိသည်အထိ ရပ်နားထားရန်။ |
|
(ဇ) |
မိုးရာသီကာလအတွင်း ယာယီထုတ်လုပ်မှု ပိတ်ပင်ထားသည့် လုပ်ကွက်များအား ညွှန်ကြားချက်များ နှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေး ကြပ်မတ်ရန်။ |
|
(စျ) |
မိုးများသည့်ရက်များတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှုကို အထူးဂရုပြု ဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသည့် အခြေအနေရှိမှသာ မြေပေါ်/ မြေအောက် သတ္တုတွင်းလုပ်ကွက်များသို့ ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်ရန်။ |
|
(ည) |
မိုးရာသီကာလအတွင်း မြေပေါ်/မြေအောက် တူးဖော်လုပ်ကိုင်လျက်ရှိသည့် လုပ်ကွက်များ၌ အသုံးပြု လျက်ရှိသော လျှပ်စစ်ဓာတ်အားပေးစက် (Generator )များ၊ မီးခလုတ် (Switch, Braker)များ၊ ဝါယာကြိုးများမှ လျှပ်စစ်ဘေးအန္တရာယ် မဖြစ်ပွားရေးအတွက် ဂရုပြု စစ်ဆေးဆောင်ရွက်ရန်။ |
|
(ဋ) |
ယမ်းတိုက်များတွင် တပ်ဆင်ထားရှိသော မိုးကြိုးလွှဲများ (Active) ဖြစ်/မဖြစ် ကြိုတင်စစ်ဆေး ဆောင်ရွက်ရန်။ |
|
(ဌ) |
လူနေအိမ်အဆောက်အဦများကို အန္တရာယ်ရှိနိုင်သည့် ကမ်းပါးယံများ၌ တည်ဆောက်ခြင်း လုံးဝမပြု လုပ်ရန်နှင့် ကမ်းပါးယံအခြေနှင့် ကမ်းပါးစောင်းအနီး တည်ဆောက်ထားသော အဆောက် အဦများတွင် လူများနေထိုင်မှုလုံးဝမပြုလုပ်ရန်။ |
|
(ဍ) |
မိုးရေကြောင့် ကမ်းပါးယံပြိုကျနိုင်သည့် လမ်းကြောင်းများ၊ မြေကျွံနိုင်သည့်ဧရိယာများတွင် သတိပေး ဆိုင်းဘုတ်များစိုက်ထူထားရန်။ |
|
(ဎ) |
ဖြစ်ပေါ်လာသော အက်ကြောင်းများ မြေပေါ်သတ္တုတွင်းများ၌ အခြေအနေနှင့် မြေပြင် ထူးခြားမှုတို့အား တာဝန်ရှိသူအဆင့်ဆင့်သို့ အကြောင်းကြားသတင်းပို့ခြင်း၊ တာဝန်ရှိသူများမှ ချက်ချင်းအရေးယူခြင်း များ ဆောင်ရွက်ရန်။ |
|
(ဏ) |
လုပ်ကွက်အနီး ဖြတ်သန်းစီးဆင်းနေသောချောင်းများ၊ မြောင်းများကိုရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ထားရှိရန်နှင့် နွေကာလတွင် ချောင်းများအားဖြတ်၍ ယာယီမြေဖို့ထားသော မြေသားတမံ များနှင့် ဆောက်လုပ်ထားသော ယာယီတံတားများကို ဖြုတ်သိမ်းရှင်းလင်းထားရန်။ |
|
|
အခါအားလျော်စွာ ထုတ်ပြန်ထားသည့် ဘေးအန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်။ |
|
(ထ) |
လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ငန်းဌာနအလိုက် ကြီးကြပ်ရန် တာဝန်ရှိသူ အဆင့်ဆင့်မှ အမြဲကြပ်မတ်စစ်ဆေးပြီး ထူးခြားဖြစ်စဉ်နှင့် စစ်ဆေးတွေ့ရှိမှုများအား အမှတ်(၁) သတ္တုတွင်းလုပ်ငန်းသို့တင်ပြရန်။ |
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm