Tel: 067409019 | Mail: messenger@e-mining.gov.mm
(၂) GPS Joint Venture Co., Ltd.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုတွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း နှင့် ခဲသတ္တုသန့်စင်အကြီးစား ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသောလုပ်ငန်းအား (၄.၂.၂၀၁၄)ရက်နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ထုတ်လုပ်မှု စတင်သည်မှ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ ခဲသတ္တုသန့်စင် (၁၄၂၅၉.၈၈)မက်ထရစ်တန် ထုတ်လုပ်ထားရှိပြီး၊ ထုတ်လုပ်ပြီး ခဲသတ္တုသန့်စင် အနက်မှ (၈၅၀၀)မက်ထရစ်တန်ကို ပြည်ပသို့တင်ပိုရောင်းချခဲ့ရာ နိုင်ငံတော်သို့ ဓာတ်သတ္တုခွန် အမေရိကန်ဒေါ်လာ (၂၁၅၈၁၉.၄၀)နှင့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းဝေစု အမေရိကန်ဒေါ်လာ(၆၉၉၂၅၂.၇၄) တို့ကို ပေးသွင်းပြီး ဖြစ်ပါသည်။
ကုမ္ပဏီအနေဖြင့် သတ္တုရိုင်းသန့်စင်စက်ရုံသို့ သတ္တုရိုင်းသယ်ယူရာတွင် အခက်အခဲများ ကြုံတွေ့ ခဲ့မှုများကြောင့် ထုတ်လုပ်မှုလုပ်ငန်း ယာယီရပ်နားခွင့်များကို ဝန်ကြီးဌာနမှ စိစစ် ခွင့်ပြုပေးခဲ့ရပါသည်။
GPS Joint Venture Co., Ltd. မှ ခဲသတ္တုရိုင်းအရည်အသွေးမှာ မူလမျှော်မှန်းထားသည်ထက် အရည်အသွေးနိမ့်ကျလာမှုကြောင့် မျှော်မှန်းသည့် ထုတ်ကုန်အရည်အသွေး ရရှိနိုင်ရန် ခက်ခဲခြင်း၊ ကြိတ်ခွဲသန့်စင် ထုတ်လုပ်ရာတွင် အဆင်မပြေခြင်းတို့ကြောင့် လုပ်ငန်းသဘောတူစာချုပ်ပါ သတ်မှတ်ချက်ဖြစ်သည့် ခဲသတ္တုသန့်စင် အရည်အသွေး၊ လျာထားချက် မက်ထရစ်တန်တို့နှင့်ပတ်သက်၍ လုပ်ငန်းစာချုပ်ပြင်ဆင်ချုပ်ဆို နိုင်ရေး တင်ပြ ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနမှ စိစစ်ညွှန်ကြားချက်အရ Third Party ဖြင့် ကွင်းဆင်းစစ်ဆေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။

GPS Joint Venture Co., Ltd. ၏ ခဲသတ္တုရိုင်းသန့်စင် စက်ရုံပုံ

GPS Joint Venture Co., Ltd. မှရွာဟောင်း၊ဖူးရဲ၊တံတားကန်၊ရေဖြူကန်
ကျေးရွာများသို့ မီးလင်းရေး လှူဒါန်းဆောင်ရွက်မှုများ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm