Tel: 067409019 | Mail: messenger@e-mining.gov.mm



အင်ကြင်းကျောက် ပြည်ပတင်ပို့ရောင်းချရာတွင် လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်

(၁)   ဆင့်တက်ပြုပြင်ပြီး အင်ကြင်းကျောက်များအား သက်ဆိုင်ရာကုမ္ပဏီမှ ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပြုပါရန်အတွက် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသို့ အဆိုပြု တင်ပြလျှောက်ထား ရပါမည်။

(၂)      အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ ကုမ္ပဏီ၏ အဆိုပြုတင်ပြလာမှုအပေါ် အင်ကြင်းကျောက် လုပ်ငန်းရှင်များအသင်းမှ စိစစ်၍ ထောက်ခံ(သို့မဟုတ်) ကန့်ကွက်မှုရှိ/မရှိတို့ကို အသင်း၏ သဘောထားမှတ်ချက်အား ပြန်လည်တင်ပြ စေပါ သည်။

(၃)  အင်ကြင်းကျောက်အသင်းမှ ကန့်ကွက်ရန်မရှိဘဲ ထောက်ခံတင်ပြလာပါက အင်ကြင်းကျောက်များ၏ အရည်အသွေး၊ အဆင့်အတန်းနှင့် တန်ချိန်ပမာဏတို့အား စစ်ဆေးရန်အတွက် အောက်ဖော်ပြပါဌာနများမှ  ကိုယ်စားလှယ်(၁)ဦးစီ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးပါသည်-

            (က)     သတ္တုတွင်းဦးစီးဌာန

            (ခ)       ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန

            (ဂ)       အမှတ်(၁)သတ္တုတွင်းလုပ်ငန်း

            (ဃ)     မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း

            (င)       သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

            (စ)       အင်ကြင်းကျောက်လုပ်ငန်းရှင်များအသင်း

(၄)  ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာအပေါ် သတ္တုတွင်းဦးစီးဌာန၊ စျေးနှုန်းစိစစ်ရေး ကော်မတီမှ စျေးနှုန်းစိစစ်တွက်ချက်ရပါသည်။

(၅)    စျေးနှုန်းစိစစ်ရေးကော်မတီ၏ စျေးနှုန်းစိစစ်တွက်ချက်မှုအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန၊ စီမံခန့်ခွဲရေးကော်မတီ(သတ္တုရေးရာ) အစည်းအဝေးသို့ တင်ပြပါသည်။

(၆)      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ (သတ္တု ရေးရာ)အစည်းအဝေးမှ အတည်ပြုပါက ဓာတ်သတ္တုခွန်(၂%)နှင့် ခွဲဝေမှုအချိုး(၈.၂၅%) တို့  အတွက် အမေရိကန်ဒေါ်လာဖြင့်လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် ဒေသပေါက်စျေး (၃%)အား  မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ သတ္တုတွင်းဦးစီးဌာနနှင့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသို့ ပေးသွင်းစေပြီးမှ စျေးနှုန်း ထောက်ခံချက်ထုတ်ပေးနိုင်ပါရန်အတွက် ဝန်ကြီးရုံး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သို့ တင်ပြပါသည်။

(၇)    ကုမ္ပဏီမှ ပို့ကုန်လိုင်စင် လျှောက်ထားနိုင်ရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ စျေးနှုန်း ထောက်ခံချက် ထုတ်ပေးပါသည်။