Tel: 067409019 | Mail: messenger@e-mining.gov.mm
ရတနာသိင်္ဂီသတ္တုတွင်းစီမံကိန်း
တည်နေရာနှင့်အကျယ်အဝန်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု အတွင်း မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၃၅ မိနစ် - အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၀ မိနစ်
သမိုင်းအကျဉ်း
၁၉၅၉ ခုနှစ် မှစတင်၍ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု၊ ရှာဖွေ တိုင်းတာမှုများ ဆောင်ရွက် ခဲ့ပါသည်။
၁၉၆၇ ခုနှစ်တွင် ဘူမိဗေဒကွင်းဆင်းလေ့လာရှာဖွေတိုင်းတာမှု အရ အလားအလာ ကောင်းသောသတ္တုကြောများ ရှိမည်ဟု လေ့လာတွေ့ရှိခဲ့ပါသည်။
၁၉၆၈ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ သတ္တုရိုင်းရှာဖွေခြင်း၊သတ္တုတွင်း ကြိုတင်ပြင်ဆင်မှုနှင့် ထူထောင်မှုလုပ်ငန်းများ ကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ပါသည်။
၁.၄.၂၀၁၀ ရက်နေ့ရှိ သတ္တုသိုက်ပမာဏမှာ သ-၁၊ သ-၂၊ သ-၃ နှင့်သ-၄ အဆင့်ရှိ ခဲသတ္တုရိုင်း (၁.၂)သန်း မက်ထရစ်တန်ခန့်ရှိပါသည်။
၁.၅.၂၀၁၀ ရက်နေ့တွင် ရတနာသိင်္ဂီသတ္တုတွင်းစီမံကိန်းအား ပုဂ္ဂလိက ကုမ္ပဏီသို့ လဲွှပြောင်းခဲ့ပါသည်။

သတ္တုရိုင်း သန့်စင်စက်ရုံ

သတ္တုတူးဖော်ရေးလိုဏ်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm