Tel: 067409019 | Mail: messenger@e-mining.gov.mm



ဘော်ဆိုင်းသတ္တုတွင်းစီမံကိန်း

တည်နေရာနှင့်အကျယ်အဝန်း

          ရှမ်းပြည်နယ်၊တောင်ကြီးခရိုင်၊ကလောမြို့နယ်၊ဘော်ဆိုင်းကျေးရွာအုပ်စုအတွင်း

            မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၅၇ မိနစ် - အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၆ မိနစ်

သမိုင်းအကျဉ်း

            ၁၉၂၀ ခုနှစ်မှ ၁၉၃၀ ခုနှစ်အတွင်း  စတီးဘရားသားကော်ပိုရေးရှင်းနှင့် ပုဂ္ဂလိက

လုပ်ငန်းရှင်များစမ်းသပ်လုပ်ကိုင်ခဲ့သည်။သိမ်ကုန်းနှင့်ရွာဟောင်းတို့တွင်မြေအောက်လုပ်

ကွက်များဖေါ်ထုတ်ခဲ့သည်။

            ၁၉၆၅ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့မှစ၍  ကြီးကြပ်ညှိနှိင်းရေးကော်မီတီ ဖွဲ့စည်းပြီး

 ဓာတ်သတ္တုတူးဖေါ်ရေးဆောင်ရွက်ခဲ့သည်။

            ၁၉၆၉ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ ပြည်သူပိုင်လုပ်ငန်း၊ ပြည်သူ့ဘော်တွင်းလုပ်

ငန်းအနေဖြင့်လုပ်ကိုင်ခဲ့သည်။

            ၁၉၇၆  ခုနှစ်တွင်   အမှတ် (၁) သတ္တုတူးဖေါ်ရေးထုတ်လုပ်ရေး ကော်ပိုရေးရှင်း၊

ဘော်ဆိုင်းသတ္တုတွင်းစီမံကိန်း အနေဖြင့်လုပ်ကိုင်ခဲ့သည်။

            ၁၉၉၉ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍  အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဘော်ဆိုင်း

သတ္တုတွင်းစီမံကိန်း အမည်ဖြင့်ဆောင်ရွက်ခဲ့သည်။

            ၂၀၁၀ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ရှိ  သတ္တုသိုက်ပမာဏမှာ သ-၃ အဆင့်ရှိ ခဲသတ္တု

ရိုင်း (၂.၇)သန်းမက်ထရစ်တန်ခန့်ဖြစ်ပါသည်။

            ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ဘော်ဆိုင်းသတ္တုတွင်းစီမံကိန်းအား ပုဂ္ဂလိ

က ကုမ္ပဏီသို့ လွှဲပြောင်းခဲ့ပါသည်။