Tel: 067409019 | Mail: messenger@e-mining.gov.mm
အမှတ်(၁)သတ္တုတွင်းလုပ်ငန်း
၁။ သမိုင်းအကျဉ်း
(က) ဘားမားကော်ပိုရေးရှင်းလီမိတက် (၁၉၅၁) အား (၁၈.၁.၁၉၆၅) ရက်နေ့တွင် ပြည်သူပိုင်ပြုလုပ်ပြီး ပြည်သူ့ ဘော်တွင်းလုပ်ငန်း သို့ ပြောင်းလဲခဲ့ပါသည်။ ဆက်လက်၍(၂.၃.၁၉၇၀) ရက်နေ့တွင် ပြည်သူ့ဘော်တွင်း လုပ်ငန်းမှ မြန်မာ ဘော်တွင်းကော်ပိုရေးရှင်း အမည်သို့လည်းကောင်း၊ (၁.၄.၁၉၇၆)ရက်နေ့တွင် အမှတ်(၁) သတ္တုတွင်း ထုတ်လုပ်ရေးကော်ပို ရေးရှင်း အမည်သို့လည်းကောင်း အဆင့်ဆင့်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှစ၍ အမှတ်(၁)သတ္တုတွင်း လုပ်ငန်း အဖြစ် သတ်မှတ်လုပ်ကိုင်ခဲ့ရာယနေ့အထိ ဖြစ်ပါသည်။
(ခ) ၁၉၇၂ ခုနှစ်မှစ၍ စက်မှုတွင်းထွက်ကုန်ကြမ်းကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး၊ (၁.၄.၁၉၇၆) ရက်နေ့တွင် အမှတ်(၄)သတ္တုတူးဖော်ရေးကော်ပိုရေးရှင်းဟုအမည်ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။(၂၈.၄.၁၉၇၉) ရက်နေ့တွင် အမှတ်(၃)သတ္တုတူးဖော် ထုတ်လုပ်ရေးကော်ပိုရေးရှင်းဟု အမည် ပြောင်းလဲ သတ်မှတ်ခဲ့ပြီး၊ (၁.၄.၁၉၈၉)ရက်နေ့မှစ၍ အမှတ်(၃)သတ္တုတွင်းလုပ်ငန်းအဖြစ် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။ (၃၁.၃.၂၀၁၅) ရက်နေ့တွင် အမှတ်(၃) သတ္တုတွင်းလုပ်ငန်းကို ဖျက်သိမ်းပြီးဖြစ်၍ လုပ်ငန်းများနှင့် ဝန်ထမ်းများကို (၁.၄.၂၀၁၅) ရက်နေ့တွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသို့ ပြောင်းရွှေ့ သွတ်သွင်းခဲ့ပါသည်။
၂။ ဌာနခွဲများ
(က) အုပ်ချုပ်ရေးဌာနခွဲ ( ခ ) ငွေစာရင်းဌာနခွဲ ( ဂ ) ထုတ်လုပ်ရေး(၁)ဌာနခွဲ (ဃ) ထုတ်လုပ်ရေး(၂)ဌာနခွဲ ( င ) စီမံကိန်းဌာနခွဲ ( စ ) ဖြည့်တင်းထိန်းသိမ်းရေးနှင့်ဝယ်ယူရောင်းချရေးဌာနခွဲ
၃။(က) တာဝန်ယူဆောင်ရွက်နေသောသတ္တုအမျိုးအစားများ
၁။ ကက်ဒမီယမ်
၂။ ကိုဘော့
၃။ ကြေးနီ
၄။ ခနောက်စိမ်း
၅။ ခရိုမီယမ်
၆။ ခဲ
၇။ ငွေ
၈။ တယ်လူရီယမ်
၉။ နီကယ်
၁၀။ ပြဒါး
၁၁။ သံ
၁၂။ သွပ်
၁၃။ အလူမီနီယမ်
၁၄။ အဆင်းနစ်
၃။(ခ) တာဝန်ယူဆောင်ရွက်နေသောစက်မှုတွင်းထွက်ကုန်ကြမ်းများ
၁။ ကျောက်မီးသွေး
၂။ ထုံးကျောက်
၃။ ဂေါဒန်ကျောက်
၄။ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ်
၅။ သံကြွယ်ဘောက်ဆိုဒ်
၆။ သလင်းကျောက်
၇။ အလှဆင်ကျောက်အမျိုးမျိုး
(မာဘယ်ကျောက်၊ဂရက်နိုက်ကျောက်၊ထုံးကျောက်)
၈။ ကြွေကျောက်
၉။ မြေဖြူ+ရွှံစေးဖြူ
၁၀။ မြေဖယောင်း
၁၁။ ဘရိုက်တီးကျောက်
၁၂။ ဒိုလိုမိုက်ကျောက်
၁၃။ ဂရက်ဖိုက်
၁၄။ ဖလိုရိုက်
၁၅။ လကြေးဖြူ+လကြေးညို
၁၆။ ဖော့စဖိတ်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm