Tel: 067409019 | Mail: messenger@e-mining.gov.mm
(၅) မြွေတောင်ဖယ်ရိုနီကယ်စီမံကိန်း
မြွေတောင်နီကယ်သတ္တုသိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ မြွေတောင်ဒေသတွင် တည်ရှိပြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံ North Mining Investment Co., Ltd. (NMIC) နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၄၇၃/၂၀၁၂)ဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခဲ့ပြီးနောက် ဖြစ်မြောက် နိုင်စွမ်း အစီရင်ခံစာအပေါ် (ယခင်)သတ္တုတွင်းဝန်ကြီးဌာန၊ ပညာရှင်များအဖွဲ့မှ စိစစ်ပြီး ထုတ်လုပ်မှုလုပ်ငန်း စာချုပ်ချုပ်ဆို ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လတွင် NMIC ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အားဝယ်ယူရရှိနိုင်မှု အလားအလာများကြောင့် လျှပ်စစ်ဓာတ်အားသုံးအပူပေးသော Ferronickel Alloy ထုတ်လုပ်သည့်နည်းစဉ်ဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ဆောင်ရွက်ပြီး အစီရင်ခံစာတင်ပြလိုကြောင်း တင်ပြမှုအပေါ် (ယခင်) သတ္တုတွင်းဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ၏ (၂၈/၂၀၁၅)အစည်းအဝေးမှ မှတ်တမ်းတင်ခဲ့ပါသည်။ ကုမ္ပဏီသို့လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ နည်းစဉ်ပြောင်း၍ ဆောင်ရွက်လိုကြောင်း အဆိုပြုလွှာအသစ်တင်ပြရန် အကြောင်းကြားထားပြီး ကုမ္ပဏီမှလည်း ဆောင်ရွက် လျက်ရှိပါသည်။
မြွေတောင်နီကယ်စီမံကိန်းမြေနေရာပြပုံ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm