Tel: 067409019 | Mail: messenger@e-mining.gov.mm
(၁) ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ နမ္မတူ-ဘော်တွင်းသတ္တုတွင်းအား ခဲ၊ သွပ်သတ္တုသန့်စင် ထုတ်လုပ်မှုအပေါ်ခွဲဝေ ခံစားသောလုပ်ငန်းစာချုပ်ကို (၅.၁.၂၀၁၀)ရက်နေ့တွင်ချုပ်ဆိုခဲ့ပြီး၊ စာချုပ်သက်တမ်းမှာ(၁၅)နှစ် ဖြစ်ပါသည်။ စီးပွားဖြစ် ထုတ်လုပ်မှု စတင်သည့် (၅.၁.၂၀၁၂) မှ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ ခဲသတ္တုသန့်စင် (၁၀၇၅၈.၆၇)မက်ထရစ်တန်၊ သွပ်သတ္တု သန့်စင် (၄၀၇၅.၆၅)မက်ထရစ်တန် ထုတ်လုပ်နိုင်ခဲ့ပါသည်။ ထုတ်လုပ်ပြီး သတ္တုသန့်စင်များအပေါ် ခဲသတ္တုသန့်စင် (၂၉၂၅.၉၇)မက်ထရစ်တန်နှင့် သွပ်သတ္တုသန့်စင် (၉၈၅.၁၇)မက်ထရစ်တန် ပြည်ပသို့တင်ပို့ ရောင်းချခဲ့ပြီး နိုင်ငံတော်သို့ ဓာတ်သတ္တုခွန် အမေရိကန်ဒေါ်လာ(၄၀၄၆၈၃.၃၈)ခန့်နှင့် အမှတ်(၁)သတ္တုတွင်း လုပ်ငန်း ဝေစု အမေရိကန်ဒေါ်လာ (၃၀၉၃၉၃၆.၅၀)ခန့် ပေးသွင်းပြီး ဖြစ်ပါသည်။

ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်ခဲ၊သွပ်သတ္တုသန့်စင်စက်ရုံပုံ။

တောင်ပေါ်အရိပ်ရ အပင်များ စိုက်ပျိုးထားပုံ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm