Tel: 067409019 | Mail: messenger@e-mining.gov.mm
(၂) ထိပ်တန်းကြယ်ဆယ်ခုထုတ်လုပ်မှုကုမ္ပဏီလီမိတက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ရှိ ဘော်ဆိုင်းသတ္တုတွင်းအား ခဲသတ္တုသန့်စင် ထုတ်လုပ်မှု အပေါ်ခွဲဝေခံစားသောလုပ်ငန်းစာချုပ်ကို (၁.၇.၂၀၁၀)ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး၊ စာချုပ်သက်တမ်းမှာ (၁၀)နှစ်ဖြစ်ပါသည်။ ထုတ်လုပ်မှု စတင်သည်မှ ၂၀၁၈ ခုနှစ် ဧပြီလကုန်အထိ ခဲသတ္တုသန့်စင် (၈၃၆၀.၉၀) မက်ထရစ်တန် ထုတ်လုပ်နိုင်ခဲ့ပါသည်။ ထုတ်လုပ်ပြီး ခဲသတ္တုသန့်စင်များအပေါ် (၆၁၉၉.၉၀)မက်ထရစ်တန် ပြည်ပသို့ တင်ပို့ရောင်းချခဲ့ပြီး နိုင်ငံတော်သို့ ဓာတ်သတ္တုခွန် အမေရိကန်ဒေါ်လာ(၆၃၈၄၉.၃၂)နှင့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းဝေစု အမေရိကန်ဒေါ်လာ(၅၇၇၈၉၆.၀၀) ပေးသွင်းပြီးဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ RuliZhiSengImport & Export Company Ltd. နှင့်ပူးပေါင်း၍ ခဲသတ္တုရိုင်းသန့်စင် စက်ရုံတည်ဆောက်ပြီး ခဲသတ္တုသန့်စင်များ ထုတ်လုပ်လျက်ရှိပါသည်။

ထိပ်တန်းကြယ်ဆယ်ခုထုတ်လုပ်မှုကုမ္ပဏီလီမိတက်ခဲသတ္တုသန့်စင်စက်ရုံပုံ။

Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm