Tel: 067409019 | Mail: messenger@e-mining.gov.mm
(၆) မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်
စပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းအား အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့်အိုင်ဗင်ဟိုး မြန်မာ ဟိုးလ်ဒင်းစ်လီမိတက် တို့ ပူးပေါင်း၍ မြန်မာအိုင်ဗင်ဟိုးကြေးနီကုမ္ပဏီလီမိတက် ထူထောင်ကာ ကက်သုတ်ကြေးနီ ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်ခဲ့ရာ စီးပွားဖြစ်စတင် ထုတ်လုပ်သည့် ၁၉၉၈ - ၁၉၉၉ ခုနှစ် မှ ၂၀၁၀-၂၀၁၁ ခုနှစ် ဒီဇင်ဘာလအထိ ကက်သုတ်ကြေးနီ (၂၆၆၇၄၂) မက်ထရစ်တန် ထုတ်လုပ်ခဲ့ပါသည်။ (၃၁.၁၂.၂၀၁၀)ရက်နေ့ကို (Cut Off Date) သတ်မှတ်၍ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း၏ အစုရှယ်ယာ များအား အမေရိကန်ဒေါ်လာသန်း (၁၀၀) ဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ လည်းကောင်း၊ အိုင်ဗင်ဟိုးလ်မြန်မာဟိုးဒင်းစ်လီမိတက်၏ အစုရှယ်ယာများအား အမေရိကန်ဒေါ်လာသန်း(၁၀၀)ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yang Tse Mining Ltd. သို့ လည်းကောင်း လွှဲပြောင်း ရောင်းချခဲ့ပါသည်။ စပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းအား မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် Yang Tse Mining Ltd. တို့ ပူးပေါင်း၍ Myanmar Yang Tse Copper Ltd. ထူထောင်ကာ ကက်သုတ်ကြေးနီ ထုတ်လုပ်မှု လုပ်ငန်း ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဓာတ်သတ္တုစမ်းသပ်တိုင်းတာခြင်း၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းနှင့် အကြီးစားထုတ်လုပ်ရန် ခွင့်ပြုမိန့်အား မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ (၅.၃.၂၀၁၀) ရက်နေ့တွင် ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်နှင့်အညီ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် Wanbao Mining Ltd. တို့ ချုပ်ဆိုထားသည့် ကန်ထရိုက်စာချုပ်ကို (၂၄.၇.၂၀၁၃) ရက်နေ့တွင် ပြင်ဆင်ချုပ်ဆိုခဲ့ရာ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ပါဝင်လာပြီး အချိုးခွဲဝေမှုမှာ နိုင်ငံတော် ၅၁% နှင့် ကုမ္ပဏီမှ ၄၉% ဖြစ်ပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ထူထောင်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းထူထောင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး (၁၁.၃.၂၀၁၆) ရက်နေ့မှစ၍ ကြေးနီသတ္တုစင် ထုတ်လုပ်သည့် လုပ်ငန်းစတင်လည်ပတ်ခဲ့ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုချက် ဖြင့် (၅.၅.၂၀၁၆) ရက်နေ့မှစ၍ စီးပွားဖြစ် ထုတ်လုပ်သောနေ့အဖြစ် သတ်မှတ်ခဲ့ပြီး လုပ်ငန်းများ ဆက်လက် လည်ပတ်လျက်ရှိပါသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စတင်လည်ပတ်ခဲ့သည့်(၁၁.၃.၂၀၁၆)ရက်နေ့မှ (၃၁.၃.၂၀၁၈) ရက်နေ့အထိ ကြေးနီသတ္တုစင် (၁၀၂၄၆၆.၅၄၉) မက်ထရစ်တန် ထုတ်လုပ်ခဲ့ပါသည်။ ဓာတ်သတ္တုခွန် ၄ % ဖြစ်သည့် (၄၀၉၈.၆၆၁) မက်ထရစ်တန်မှာ သတ္တုတွင်းဦးစီးဌာနက ရရှိပြီး၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဝေစု (၁၁၃၅၁.၃၀၃) မက်ထရစ်တန်ဖြစ်ရာ၊ ဝေစုပေါ်မှ အချိုးကျအခွန်အခမှာ (၄၅၇၅.၇၀၅) မက်ထရစ်တန် ဖြစ်ပါသည်။
Myanmar Yang Tse Copper Ltd. မှ ထုတ်လုပ်ထားသော ကက်သုတ်ကြေးနီများ

မကျီးတန်းရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းဆောင်ရွက်ပုံ


မြေယာနစ်နာကြေး/နှစ်ရှည်သီးနှံပင်နှစ်နာကြေး/ရေတွင်းများအတွက်နစ်နာကြေး
ပေးချေမှုအခြေအနေ

မြေယာနစ်နာကြေး/နှစ်ရှည်သီးနှံပင်နှစ်နာကြေး/ရေတွင်းများအတွက်နစ်နာကြေး
ပေးချေမှုအခြေအနေ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm