Tel: 067409019 | Mail: messenger@e-mining.gov.mm
|
(၆) မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်
စပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းအားအမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့်အိုင်ဗင်ဟိုး မြန်မာ ဟိုးလ်ဒင်းစ်လီမိတက်တို့ ပူးပေါင်း၍ မြန်မာအိုင်ဗင်ဟိုးကြေးနီကုမ္ပဏီလီမိတက် ထူထောင်ကာ ကက်သုတ် ကြေးနီထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်ခဲ့ရာ စီးပွားဖြစ်စတင် ထုတ်လုပ်သည့် ၁၉၉၈ - ၁၉၉၉ ခုနှစ် မှ ၂၀၁၀-၂၀၁၁ ခုနှစ် ဒီဇင်ဘာလအထိ ကက်သုတ်ကြေးနီ (၂၆၆၇၄၂) မက်ထရစ်တန် ထုတ်လုပ် ခဲ့ပါသည်။
Details... |
|
(၅) ထူးအပြည်ပြည်ဆိုင်ရာ(Electrum)သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ကန်တော်ယန်ဒေသတွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် သံသတ္တု ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသော လုပ်ငန်းစာချုပ်အား (၂၁.၁၂.၂၀၀၉) ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းမှာ (၁၀) နှစ်ဖြစ်ပါသည်။ |
|
(၄)သဗြုသတ္တုတူးဖော်ရေးကုမ္ပဏိလီမိတက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သဗြုဒေသတွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ခနောက်စိမ်းသတ္တုထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသော လုပ်ငန်းစာချုပ်အား (၁၂.၁၂.၂၀၀၁)ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး စာချုပ် သက်တမ်းမှာ(၇)နှစ်ဖြစ်ပါသည်။ |
|
(၃)လင်းပြည့်သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ ရတနာသိင်္ဂီသတ္တုတွင်းအား ခဲသတ္တုသန့်စင် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစား သောလုပ်ငန်းစာချုပ်ကို (၁.၅.၂၀၁၀)ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး၊ စာချုပ်သက်တမ်း မှာ (၁၀)နှစ်ဖြစ်ပါသည်။ |
|
(၂)ထိပ်တန်းကြယ်ဆယ်ခုထုတ်လုပ်မှုကုမ္ပဏီလီမိတက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ရှိ ဘော်ဆိုင်းသတ္တုတွင်းအား ခဲသတ္တုသန့်စင် ထုတ်လုပ်မှု အပေါ်ခွဲဝေခံစားသောလုပ်ငန်းစာချုပ်ကို (၁.၇.၂၀၁၀)ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး၊ စာချုပ်သက်တမ်းမှာ (၁၀)နှစ်ဖြစ်ပါသည်။ |
Scroll Through More Customers Pages: [ 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 ]
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm