Tel: 067409019 | Mail: messenger@e-mining.gov.mm



(ခ)ပြည်တွင်းအကြီးစား ဖက်စပ် လုပ်ငန်းများ

(၁)     ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ နမ္မတူ-ဘော်တွင်းသတ္တုတွင်းအား ခဲ၊သွပ်သတ္တု သန့်စင် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသောလုပ်ငန်း စာချုပ်ကို (၅.၁.၂၀၁၀) ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး စာချုပ် သက်တမ်းမှာ (၁၅)နှစ်ဖြစ်ပါသည်။
Details...

(၅)မြွေတောင်ဖယ်ရိုနီကယ်စီမံကိန်း

မြွေတောင်နီကယ် သတ္တုသိုက်သည်  စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မြွေတောင် ဒေသတွင် တည်ရှိပြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံ North Mining Investment Co., Ltd. (NMIC) နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ်(၄၇၃/၂၀၁၂)ဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခဲ့ပြီး နောက် ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာအပေါ် (ယခင်)သတ္တုတွင်း ဝန်ကြီးဌာန၊ ပညာရှင်များအဖွဲ့မှ စိစစ်ပြီး ထုတ်လုပ်မှုလုပ်ငန်း စာချုပ်ချုပ် ဆိုဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။
Details...

(၄) Myanmar SIMCO Song Da Joint Stock Company Limited

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊နေပူတောင်ဒေသတွင် အမှတ်()သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်စနစ်ဖြင့် မာဘယ် (အလှဆင်)ကျောက် ထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ်အား(၁၆..၂၀၁၂)ရက်နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းမှာ(၂၀)နှစ် ဖြစ်ပါ သည်။
Details...

(၃) Myanmar CNMC Nickel Co., Ltd.

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ တကောင်းတောင်ဒေသတွင် အမှတ်(၁)သတ္တု တွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်စနစ်ဖြင့် ဖယ်ရိုနီကယ်ထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ်အား (၂၈.၇.၂၀၀၈) ရက်နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းမှာ (၂၀)နှစ်ဖြစ်ပါသည်။

 
Details...

(၂) GPS Joint Venture Co.Ltd.

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊  ဘော်ဆိုင်းကျေးရွာအုပ်စုတွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့်  ခဲသတ္တု သန့်စင်အကြီးစား ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသောလုပ်ငန်းအား  (၄.၂.၂၀၁၄)ရက်နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ထုတ်လုပ်မှုစတင်သည်မှ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ ခဲသတ္တုသန့်စင်(၁၄၂၅၉.၈၈)မက်ထရစ်တန် ထုတ်လုပ်ထားရှိပြီး၊ ထုတ်လုပ်ပြီး ခဲသတ္တုသန့်စင်အနက်မှ (၈၅၀၀)မက်ထရစ်တန်ကို ပြည်ပသို့တင်ပိုရောင်းချခဲ့ရာ နိုင်ငံတော်သို့ ဓာတ်သတ္တုခွန် အမေရိကန် ဒေါ်လာ(၂၁၅၈၁၉.၄၀)နှင့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းဝေစု အမေရိကန်ဒေါ်လာ(၆၉၉၂၅၂.၇၄) တို့ကို ပေးသွင်းပြီးဖြစ်ပါသည်။
Details...

91 - 95 of 103 customers

Scroll Through More Customers Pages: [ 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 ]