Tel: 067409019 | Mail: messenger@e-mining.gov.mm



အသေးစား ခဲမဖြူ-အဖြိုက်နက်လုပ်ကွက် လျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များ

  

၁။

ခဲမဖြူ-အဖြိုက်နက်လုပ်ကွက်လျှောက်ထားမည့်ကုမ္ပဏီများသည် အောက်ပါအချက်များကိုပြီးပြည်စုံအောင် စီစဉ်ထားရန်-

 

(က)

ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (သတ္တုတူးဖော်ခွင့်နှင့် သက်တမ်းရှိရမည်)။

 

( ခ)

ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း၊ ကုမ္ပဏီဒါရိုက်တာ စာရင်း (ပုံစံ ၆/၂၆)။

 

( ဂ )

ကုမ္ပဏီတည်ရှိရာ  မြို့နယ်ရဲစခန်းထောက်ခံချက်။

 

(ဃ)

ငွေကြေးခိုင်မာမှုအတွက်  ဘဏ်ထောက်ခံချက်(Bank Statement)။

 

( င )

ဒါရိုက်တာများ၏ ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ။

၂။

ကြေးတိုင်နှင် မြေစာရင်းဦးစီးဌာနမှ  သက်ဆိုင်ရာ ခဲမဖြူ၊ အဖြိုက်နက်လုပ်ကွက်၏ ပုံစံ (၁၀၅) ရယူရန်။

၃။

သက်ဆိုင်ရ ဒေသမှ ကန့်ကွက်ရန်မရှိကြောင်း  ထောက်ခံချက်များပါရှိရမည်။

၄။

လျှောက်ထားသည့်လုပ်ကွက်နှင့်ပတ်သက်၍မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏အောက်ဖော်ပြပါအချက်များပါဝင်သောထောက်ခံချက် ပါရှိရမည် -

 

(က)

လူများနေထိုင်သော  မြို့/ရွာ ဧရိယာများနှင့် လွတ်ကင်းကြောင်း။

 

( ခ)

မြို့နယ်ရှေးဟောင်းဧရိယာ /သာသနာ့ နယ်မြေများနှင့် လွတ်ကင်းကြောင်း။

 

( ဂ )

မြို့/ရွာ စည်ပင်သာယာရေးဧရိယာ၊ သုဿာန်နယ်မြေများနှင့် လွတ်ကင်း ကြောင်း။

 

(ဃ)

မြို့နယ်သစ်တော ဧရိယာများနှင့် လွတ်ကင်းကြောင်း။

၅။

သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏အောက်ဖော်ပြပါအချက်များပါဝင်သောထောက်ခံချက်ပါရှိရမည်-

 

(က)

လုံခြုံရေးအရ ခွင့်ပြုနိုင်ကြောင်း။

 

( ခ)

စိုက်ပျိုးမြေများ/ ဆည်မြောင်း တာတမံများနှင့်လွတ်ကင်းကြောင်း။

 

( ဂ )

စီမံကိန်းလုပ်ငန်းများနှင့် လွတ်ကင်းကြောင်း။

၆။

အထက်(က)၊(ခ)၊(ဂ)၊(ဃ)အပိုဒ်များပါအချက်များနှင့်အတူ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ အထွေထွေ မန်နေဂျာရုံးသို့ ခဲမဖြူ-အဖြိုက်နက်လုပ်ကွက် လျှောက်ထားမည့်ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ကိုယ်တိုင်လာရောက် လျှောက်ထားရမည်။

၇။

အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊   အထွေထွေမန်နေဂျာရုံး/တာဝန်ခံရုံးတို့မှ အထက်ပါအချက်များစိစစ်ထောက်ခံပြီးပါက  ရုံးချုပ် (နေပြည်တော်)သို့  အမြန်ဆုံးပေးပို့သွားရမည်။