Tel: 067409019 | Mail: messenger@e-mining.gov.mm
ပြည်တွင်း/ပြည်ပကုမ္ပဏီများမှနိုင်ငံခြားသားခရီးစဉ်ခွင့်ပြုချက် တောင်းခံရာ၌ပူးတွဲတင်ပြရမည့်အထောက်အထားများ
|
၁။ |
ခရီးစဉ်တင်ပြမည့်ကုမ္ပဏီ၏စာ။ | |
|
၂။ |
ခရီးသွားမည့်နိုင်ငံခြားသားဦးရေ/နိုင်ငံကူးလက်မှတ်မိတ္တူ။ | |
|
၃။ |
ကုမ္ပဏီ၏ထောက်ခံချက်(ပြည်တွင်းကုမ္ပဏီများသည်မြန်မာဘာသာဖြင့်လည်းကောင်း၊ပြည်ပကုမ္ပဏီ များသည် အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း) ထောက်ခံချက်ပေးရန်။ | |
|
၄။ |
ပညာရှင်တို့၏ဝန်ခံချက်။(အင်္ဂလိပ်ဘာသာဖြင့်ခွင့်ပြုလုပ်ကွက်မှအခြားနေရာများသို့မသွားပါကြောင်းနှင့် မြန်မာနိုင်ငံ၏ဥပဒေများကိုလိုက်နာမည်ဖြစ်ပါကြောင်းဝန်ခံချက်တွင်ဖော်ပြပေးရန်) | |
|
၅။ |
သက်ဆိုင်ရာသံရုံးထောက်ခံချက်။ | |
|
၆။ |
ခရီးစဉ်ဇယား - | |
|
|
(က) |
ခရီးစဉ်တင်ပြရာတွင်ဝန်ကြီးဌာနသို့(၂)ပတ် ကြိုတင်ခွင့်ပြုချက်တင်ပြရသဖြင့် ကုမ္ပဏီသည် ခရီးစဉ်ခွင့်ပြုချက်တင်မည်ဆိုပါက ရုံးချုပ်(နေပြည်တော်) သို့ (၃)ပတ်ကြို၍တင်ပြရန်။ |
|
|
( ခ ) |
နိုင်ငံခြားသားပညာရှင်(၁)ဦးအားခရီးစဉ်တစ်ခုအတွက်နေထိုင်ခွင့်(၃)လခွင့်ပြုပြီး သက်တမ်း တိုးမည်ဆိုပါက ခရီးစဉ်ခွင့်ပြုကာလမကုန်ဆုံးမီ(၁)လကြိုတင်၍ ကုမ္ပဏီ၏ ထောက်ခံချက်၊ နိုင်ငံခြားသားဝန်ခံချက်၊ သံရုံးထောက်ခံချက်တို့ပူးတွဲ၍ ရုံးချုပ်သို့လျှောက်ထားရန်။ |
|
|
( ဂ ) |
နိုင်ငံခြားသားလုပ်ကွက်သို့ ရောက်ရှိ/ ထွက်ခွာနေ့များရုံးချုပ်သို့ အကြောင်းကြားပေးရန်။ |
|
|
(ဃ) |
အထက်ပါကုမ္ပဏီမှခရီးစဉ်တင်ပြမှုအား အထက်ဌာနမှခွင့်ပြုချက်ရရှိမှသာ ခရီးစဉ်ခွင့်ပြုချက် တင်ပြတောင်းခံရထားသည့်ဒေသသို့ဝင်ရောက်ခွင့်ပြုမည် ဖြစ်ပါသည်။ |
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm