Tel: 067409019 | Mail: messenger@e-mining.gov.mm
အသေးစားရွှေလုပ်ကွက်လျှောက်ထားရာတွင်အောက်ပါအတိုင်းဆောင်ရွက်ရမည်
|
၁။ |
(က) |
ရွှေလုပ်ကွက်လျှောက်ထားမည့် ကုမ္ပဏီများသည် အောက်ပါအချက်များကို ပြီးပြည်စုံအောင်စီစဉ်ထားရန်- | |
|
(၁) |
ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (သတ္တုတူးဖော်ခွင့်နှင့် သက်တမ်းရှိရမည်)။ | ||
|
(၂) |
ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း၊ ကုမ္ပဏီဒါရိုက်တ စာရင်း (ပုံစံ၆/၂၆)။ | ||
|
(၃) |
ကုမ္ပဏီတည်ရှိရာမြို့နယ် ရဲစခန်းထောက်ခံချက်။ | ||
|
(၄) |
ငွေကြေးခိုင်မာမှုအတွက် ဘဏ်ထောက်ခံချက်(Bank Statement)။ | ||
|
(၅) |
ဒါရိုက်တာများ၏ ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ။ | ||
|
( ခ ) |
ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ သက်ဆိုင်ရာရွှေလုပ်ကွက်၏ပုံစံ(၁၀၅ )ရယူရန်။ | ||
|
( ဂ ) |
သက်ဆိုင်ရာဒေသမှကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်များပါရှိရမည်။ | ||
|
(ဃ) |
လျှောက်ထားသည့်လုပ်ကွက်နှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ အောက်ဖော်ပြပါအချက်များ ပါဝင်သော ထောက်ခံချက်ပါရှိရမည်- | ||
|
(၁) |
လူများနေထိုင်သော မြို့/ရွာဧရိယာများနှင့်လွတ်ကင်းကြောင်း။ | ||
|
(၂) |
မြို့နယ်ရှေးဟောင်းဧရိယာ / သာသနာ့နယ်မြေများနှင့်လွတ်ကင်းကြောင်း။ | ||
|
(၃) |
မြို့/ရွာ စည်ပင်သာယာရေးဧရိယာ၊ သုဿာန်နယ်မြေများနှင့် လွတ်ကင်းကြောင်း။ | ||
|
(၄) |
မြို့နယ်စိုက်ပျိုးရေးဧရိယာများနှင့်လွတ်ကင်းကြောင်း။ | ||
|
(၅) |
မြို့နယ်သစ်တောဧရိယာများနှင့်လွတ်ကင်းကြောင်း။ | ||
|
(င) |
သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ အောက်ဖော်ပြပါအချက်များပါဝင်သော ထောက်ခံချက် ပါရှိရမည် - | ||
|
(၁) |
လုံခြုံရေးအရခွင့်ပြုနိုင်ကြောင်း။ | ||
|
(၂) |
စိုက်ပျိုးမြေများ/ဆည်မြောင်းတာတမံများနှင့် လွတ်ကင်းကြောင်း။ | ||
|
(၃) |
စီမံကိန်းလုပ်ငန်းများနှင့် လွတ်ကင်းကြောင်း။ | ||
|
(စ) |
အထက်(က)၊ (ခ)၊ (ဂ)၊ (ဃ) အပိုဒ်များပါ အချက်များနှင့်အတူ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ အထွေထွေ မန်နေဂျာရုံးသို့ ရွှေလုပ်ကွက်လျှောက်ထားမည့်ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာကိုယ်တိုင် လာရောက် လျှောက်ထားရမည်။ | ||
|
၂။ |
အမှတ်(၂ )သတ္တုတွင်းလုပ်ငန်း၊ အထွေထွေမန်နေဂျာရုံး/တာဝန်ခံရုံးတို့မှ အထက်ပါအချက်များ စိစစ်ထောက်ခံပြီးပါက ရုံးချုပ်(နေပြည်တော်)နှင့်နီးသော စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့အတွက် (၂)ရက်အတွင်း၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်တို့အတွက် (၃)ရက်အတွင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့အတွက် (၅)ရက်အတွင်း လျှောက်ထားကုမ္ပဏီနှင့်ညှိနှိုင်း၍ ရုံးချုပ်သို့အမြန်ဆုံး ပေးပို့ သွားရမည်။ | ||
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm