Tel: 067409019 | Mail: messenger@e-mining.gov.mm
ရွှေလုပ်ကွက်များ လျှောက်ထားရာတွင် မြေစာရင်း ပုံစံ(၁၀၅) ရေးဆွဲခွင့်ရရှိရေးအတွက် အောက်ပါ အတိုင်း ဆောင်ရွက်ရမည်
၁။ ရွှေလုပ်ကွက်လျှောက်ထားမည့်ကုမ္ပဏီများသည် အောက်ပါ စာရွက်စာတမ်း အထောက်အထားများ တပါတည်းယူဆောင်လာရမည် -
(က) ကုမ္ပဏီမှ မှတ်ပုံတင်လက်မှတ်(သတ္တုတူးဖော်ခွင့်နှင့်သက်တမ်းရှိရမည်)
( ခ ) ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း၊ ကုမ္ပဏီဒါရိုက်တာစာရင်း (ပုံစံ ၆/၂၆)
(ဂ) ကုမ္ပဏီတည်ရှိရာ မြို့နယ်ရဲစခန်းထောက်ခံချက်
(ဃ) ဒါရိုက်တာများ၏ ပတ်စပို့စ်အရွယ်ရောင်စုံဓာတ်ပုံ
၂။ ရွှေလုပ်ကွက်လျှောက်ထားမည့် ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ (သို့မဟုတ်) ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ကိုယ်တိုင်လာရောက် လျှောက်ထားရမည့်အပြင် ဒါရိုက်တာအဖွဲ့ အစည်းအဝေး ဆုံးဖြတ် ချက် မှတ်တမ်းနှင့်အတူ လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်း နှင့် မိတ္တူကိုပါ ယူဆောင်လာရမည်။
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm