Tel: 067409019 | Mail: messenger@e-mining.gov.mm



သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသော ဓာတ်ဆေးဖြင့် ဆိုဒီယမ်ဆိုင်ယာနိုက် ပြဒါးနည်းစဉ်တို့အား အစားထိုးသည့် ရွှေသန့်စင်မှုနည်းပညာသစ်အား မိတ်ဆက်တင်ပြခြင်း

 

၁။        ကမ္ဘာ့နိုင်ငံအသီးသီးတွင်  လက်ရှိရွှေသတ္တုတူးဖော်နေသော ရွှေသတ္တုမိုင်းများတွင် ရွှေသတ္တုဖမ်းယူသန့်စင်ရာ၌ ဆိုဒီယမ် ဆိုင်ယာနိုက် ဓာတ်ဆေး နှင့် မာကျူရီ (ပြဒါး)ဒြပ်စင်များကို သတ္တုပိုင်းအပေါ် မူတည်၍ တွင်ကျယ်စွာ အသုံးပြုလေ့ ရှိသည်။ အဆိုပါ ဆိုဒီယမ် ဆိုင်ယာနိုက်နှင့် မာကျူရီ(ပြဒါး) ဒြပ်စင်တို့သည် သဘာဝပတ်ဝန်းကျင်လူ၊ တိရိစ္ဆာန်များကိုအန္တရာယ် ပေးတတ် သော Toxicityများဖြစ်သဖြင့် အဆိုပါ ဓာတ်ဆေးများကို ထိန်းချုပ် ၍ အန္တရာယ်မရှိသော အစားထိုး ဓာတ်ဆေးများကို တီထွင်စမ်းသပ် လာကြသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် မြန်မာမေဖလားဝါး ကုမ္ပဏီ၏ စီစဉ်ပေးမှုဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွန်ကျူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်အတွင်းရှိ ဇင်းယီမြို့နယ်အတွင်း Nibao Oxidized Gold  Mine သို့ သွားရောက်လေ့လာခဲ့ပြီး ဆိုင်ယာနိုက် ဓာတ်ဆေး အသုံးပြုခြင်း မရှိသော Heap Leaching နည်းကို သွားရောက် လေ့လာခဲ့ကြခြင်း ဖြစ်ပါသည်။

 

လေ့လာတွေ့ရှိချက်များ

၂။        တရုတ်နိုင်ငံ၊ ဇင်းယိမြို့နယ် Nibao Gold Mine သို့ လေ့လာရာတွင် ကုမ္ပဏီ၏ သတ္တုရိုင်းထုတ်လုပ်သော ဧရိယာသည် (၂၀)ဧကခန့်သာ ကျယ်ဝန်းပြီး ရွှေပါဝင်မှု နည်းပါး သော Oxide Oreများကို ထုတ်ယူ ရွှေသန့်စင်သော သတ္တုတွင်းတစ်ခု ဖြစ်ပါသည်။ ပေ(၇၀၀၀)ကျော်မြင့်သော Nibao တောင်တန်းများအကြားမှ ပို့ချလာသော Alluvial နှုန်းမြေသိုက်များ ဖြစ်ထွန်းသော ရေဆောင်သိုက်များဖြစ်ပြီး ပျမ်းမျှရွှေပါဝင်နှုန်း (0.4) PPMအဆင့် Deposit သာရှိပါသည်။ သတ္တု Oreများကို Back Hoe များဖြင့် တူးဆွပြီး Dump truckယာဉ်များဖြင့် သယ်ယူကာ သတ္တု Ore များကို (၆)ပေအမြင့် (၅)ဧကခန့် စုပုံထားသော Heap Leaching စနစ်ကို တွေ့ရှိရပါသည်။ မြေစာပုံများပေါ်သို့ (၄)လက်မ သံကြွတ်ပိုက်များဖြင့် ဓာတ်ဆေးရည်အား တွန်းပို့ပေးပြီး (၄)လက်မသံပိုက်မှတဆင့် ပလပ်စတစ်ပိုက် ထိုမှပိုက်ပျော့များကို အပေါက်ငယ်များဖောက်၍ Spray Type ဆေးဖျန်းပေးလျက်ရှိပါသည်။ ဆေးရည်နှင့် မြေစာ အတွင်းမှ ရွှေများ ထိတွေ့ပြီး ရွှေမှုန်ရည် (Solution of Gold Ore) ရရှိပါသည်။ ထိုရွှေမှုန်ရည်များအား မိုးရေကာဖျဉ်များမှတဆင့် ရေမြောင်းအတိုင်း စီးဆင်းစေကာ Activated Carbon ထည့်ထား သော Tank များအတွင်း စီးဆင်းစေပါသည်။ Tank များအတွင်းရှိ Activated Carbon များမှ ရွှေမှုန်ရည်အတွင်း ရွှေများကို စုပ်ယူထားပြီး ကျန် Reuse Left Over Reagent များကို Recycle နည်းဖြင့် လှည့်ပတ်အသုံးပြုလေ့ရှိကြောင်း တွေ့ရှိရပါ သည်။ အဆိုပါ အဓိက အသုံးပြုသော ဓာတ်ဆေးမှာ ဆိုဒီယမ် ဆိုင်ယာနိုက် အာနိသင် လုံးဝမရှိသော ( Dongbeihu Environmentally Friendly Gold Separation Reagent) ဟုခေါ်သော Sodium Oxide, Non-Organic, Ammonium, CalciumIron စသည့်ဒြပ်စင်များဖြင့် စုပုံထားသော ဖွဲ့စည်း ထားသော Alkaline သို့မဟုတ် Non-Orgenie Compound တစ်မျိုးဖြစ်ပါသည်။ စုပုံထားသော ရွှေပါမြေစာကိုလည်း PH Value 10 to 12 အထိ ထုံးဖြင့်ရော၍ သမစေပြီးမှ စုပုံကာ အဆိုပါ ဓာတ်ဆေးရည်ဖြင့် Spray ပြုလုပ်ရွှေဖမ်းယူခြင်းဖြစ်ပါသည်။ 0.4-0.5PPM ရွှေပါဝင်သော Ore 10000M/Tonsလျှင် အဆိုပါ ဓာတ်ဆေးအား 5Tonsသာ အသုံးပြုပြီး Spra Time အနေဖြင့် (၄၅)ရက် ဖျန်းပေးရမည်ဖြစ်ပါသည်။ ၎င်းမှ ရွှေမှုန်ရည်များကိ Activated Carbon 15Kilo/Tonနည်းဖြင့် ဖမ်းယူခြင်း ဖြစ်ပါ သည်။ 

ရွှေဖမ်းယူထားသော Activated Carbon များအား သံမဏိစည်များတွင် ထည့်သွင်းပြီး အရက်ပျံဖြင့် ထပ်မံ Leaching လုပ်ပြီး ကာဗွန်အတွင်းမှရွှေများကို အနည်ထိုင် စုစည်းစေပါသည်။ စုစည်းရရှိလာသော ရွှေမှုန်များကို Electro Rewind နည်းစဉ်ဖြင့် ပြန်လည်သန့်စင် ဖမ်းယူခြင်းဖြင့် Pure ရွှေမှုန်များကို ရရှိပါသည်။ ထို Pure ရွှေမှုန်များကို Electro Oven အတွင်း ထည့်သွင်းပြီး သန့်စင်ကျိုချက်ခြင်းဖြင့် ရွှေစင်များ ရရှိသည်ကိုတွေ့ရှိရပါသည်။ ကျန်ရှိသော Activated Carbon များကို ထပ်မံမွမ်းမံခြင်းဖြင့် ပြန်လည်အသုံးပြုနိုင်သော နည်းစဉ်များ ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။

 

လေ့လာတွေ့ရှိချက်များအပေါ်သုံးသပ်တင်ပြခြင်း

၃။      အဆိုပါ Reagent သည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိခြင်း၊ လူနှင့် တိရိစ္ဆာန်များ၏ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိခြင်း၊ ရွှေထုတ်လုပ်မှုနည်းစဉ် လွယ်ကူခြင်းတို့ကို တွေ့ရှိရသဖြင့် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် သင့်လျှော်သော ဓာတ်ဆေးဖြစ်ပါသည်။ များသောအားဖြင့် ရွှေပါဝင်မှုနည်းသော Oxided Ore များတွင် ရွှေပြန်ရနှုန်း Recovery 80% ရရှိသဖြင့် စီးပွားရေး တွက်ချေကိုက်သော နည်းစဉ်ဖြစ်ပါကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

မြန်မာနိုင်ငံတွင် Primary Suphide Ore များ အများဆုံး တည်ရှိလျက်ရှိရာ အဆိုပါဓာတ်ဆေးနည်းစဉ်နှင့် ရွှေထုတ်ယူ ရာတွင် ဓာတ်ဆေးအသုံးပြုမှုများနိုင်ပြီး တွက်ချေ မကိုက်မှုများ ဖြစ်နိုင်ပါသည်။ Sulphide Ore များအတွက် ဦးစွာ ဆိုဒီယမ် ဆိုင်ယာနိုက်ဖြင့် အသုံးပြုပြီး ကျန်ရှိသော Tailing စွန့်ပစ်မြေစာ များ အပေါ်ယံရွှေပါဝင်နှုန်းနိမ့်သည့် Oxide Ore များ Alluvial Fluvial စသည့် နှုန်းမြေပို့ချ သိုက်ရေဆောင်သိုက်များတွင် အန္တရာယ်ရှိသော ပြဒါးအစား အဆိုပါဒြပ်ဆေးဖြင့် စမ်းသပ် အသုံးပြုပြီး ရွှေပြန်လည်ရနှုန်း ကောင်းမွန်ပါက အသုံးပြုသင့်သော နည်းစဉ်နှင့်ဒြပ်ဆေးဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

ကုမ္ပဏီ၏ရွှေထုတ်လုပ်မှုသရုပ်ပြပွဲနှင့် Reagent  ဖြန့်ချိခြင်း အစီအစဉ်

၄။       Dongbeihu  Environmentally  Friendly  Gold Separation Reagent  ဒြပ်ဆေးဖြင့် ရွှေဖမ်းယူသော နည်းစဉ်အား မြန်မာမေဖလားဝါးကုမ္ပဏီမှ နေပြည်တော်၊ သတ္တုတွင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံးရှိ သီရိရတနာခန်းမတွင် ရွှေလုပ်ငန်းရှင်များအား ၂၀၁၃ ခုနှစ်၊ ဇွန်လအတွင်း သရုပ်ပြပွဲပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဒြပ်ဆေးဝယ်ယူရရှိမှု အစီအစဉ်ကိုလည်း စျေးကွက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှ အဆိုပြုထားပြီးဖြစ်ပါသည်။

 

နိဂုံး

၅။ မြန်မာမေဖလားဝါးကုမ္ပဏီ၏ စီစဉ်မှုဖြင့် တရုတ်နိုင်ငံ ကွန်ကျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ဇင်းယီမြို့အတွင်း Nibao Gold Mine အား လေ့လာခြင်းဖြင့် ဆိုဒီယမ်ဆိုင်ယာနိုက်ဓာတ်ဆေးအစား သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် အသက် အန္တရာယ် မရှိသော အဆိုပါနည်းစဉ်အား မြန်မာပြည်အတွင်း Oxide Ore များ ထွက်ရှိရာဒေသများတွင် အသုံးပြုရေးနည်းစဉ် ဖြန့်ကျက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေးသား ဖော်ပြအပ် ပါသည်။