Tel: 067409019 | Mail: messenger@e-mining.gov.mm
မြန်မာစန်းသီအောင်စက်မှုထုတ်လုပ်မှုကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှု ဒါရိုက်တာနှင့်ဒါရိုက်တာအဖွဲ့ဝင်များ သိစေရန်
ဦးစိုင်းအိုက်ခမ်း အုပ်ချုပ်မှုဒါရိုက်တာ ၁၃/လရန(နိုင်)၀၃၁၈၆၆
အမှတ်(၄၀/၂၀၀)၊ရွှေသောင်းပင်လမ်း
(၇)ရပ်ကွက်၊ နယ်မြေ(၆)၊ လားရှိုးမြို့
ဒေါ်ဥမ္မာခင် ဒါရိုက်တာ ၁၂/မရက(နိုင်)၀၂၃၆၄၃
အမှတ်(၉၂)၊ဒုတိယထပ်၊
မြန်မာ့ဂုဏ်ရည်လမ်း၊ ကန်ရှေ့ရပ်ကွက်၊
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့
ဦးအေးမင်း ဒါရိုက်တာ BTHG-000925
အမှတ်(၉၂)၊ဒုတိယထပ်၊
မြန်မာ့ဂုဏ်ရည်လမ်း၊ ကန်ရှေ့ရပ်ကွက်၊
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့
ဦးဝင်းမင်း ဒါရိုက်တာ ၁၂/မရက(နိုင်)၁၀၂၅၁၄
အမှတ်(၉၂)၊ဒုတိယထပ်၊
မြန်မာ့ဂုဏ်ရည်လမ်း၊ ကန်ရှေ့ရပ်ကွက်၊
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့
သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် မြန်မာစန်းသီအောင်စက်မှုထုတ်လုပ်မှုကုမ္ပဏီတို့သည် မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အရှေ့ခြမ်း၊ သပြေပင်ဒေသရှိ ရွှေသတ္တုအကြီးစား လုပ်ကွက်(C)အား (၈.၅.၂၀၁၂) မှ (၇.၅.၂၀၁၇) ရက်နေ့အထိ ခွင့်ပြုသက်တမ်း (၅)နှစ်အတွင်း မိမိတို့ဆန္ဒအရ ပုတ်ပြတ်စနစ်ဖြင့် နိုင်ငံတော်သို့ ရွှေစင်(၃)မက်ထရစ်တန် ပေးသွင်းလုပ်ကိုင်လိုကြောင်း တင်ပြလျှောက်ထားမှုအရ နှစ်ဘက် သဘောတူ စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ပါသည်။
သို့ရာတွင် ကုမ္ပဏီအနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရမည့်ကာလအလိုက် ရွှေစင်များ ထုတ်လုပ်ပေးသွင်း နိုင်မှုမရှိခြင်း၊ အကြီးစားထုတ်လုပ်မှုလုပ်ငန်းများနှင့် လျော်ညီစွာဆောင်ရွက်ထားမှု မရှိခြင်းတို့ကြောင့် စာချုပ်ပါစည်းကမ်းများအရ (၃၁.၈.၂၀၁၃) ရက်နေ့တွင် လုပ်ကွက်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ရက်ပေါင်း (၉၀)ကြိုတင်သတိပေးခဲ့ပြီးနောက် သတ်မှတ်ရက် ပြည့်သည့်နေ့ တွင် စာချုပ်ပါ စည်းကမ်းအရ လုပ်ကွက်ပိတ်သိမ်းခဲ့ပြီး ဖြစ်ပါသည်။
သို့ပါ၍ ကုမ္ပဏီသို့ ထုတ်ပေးထားသော ထုတ်လုပ်မှုနှင့် အကျုံးဝင်မှု မရှိတော့သည့် ခွင့်ပြုမိန့် (Permit) မူရင်းနှင့်စာချုပ် မူရင်းများအား ကြေညာ သည့်နေ့မှစ၍ ( ၇ ) ရက်အတွင်း အမှတ်(၂)သတ္တုတွင်းလုပ်ငန်းသို့ အမြန်ဆုံး ပြန်လည်အပ်နှံသွားရန်နှင့် ဆက်လက်ကိုင်ဆောင်ထားခြင်း၊ လွှဲပြောင်းရောင်း ချခြင်းနှင့် အလွဲသုံးစားပြုလုပ်ခြင်းတို့ တွေ့ရှိပါက ဥပဒေအရတရားစွဲဆို အရေး ယူ သွားမည်ဖြစ်ကြောင်း သတိပေး အကြောင်းကြားအပ်ပါသည်။
အမှတ်(၂)သတ္တုတွင်းလုပ်ငန်း
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm