Tel: 067409019 | Mail: messenger@e-mining.gov.mm
နေပြည်တော် ၊ မြန်မာ့ကျောက်မျက်ရတနာသင်တန်းကျောင်းဖွင့်လှစ်ခြင်း
မြန်မာ့ ကျောက်မျက် ရတနာ သယံဇာတ အရိုင်းများကို တန်ဖိုးမြင့် ကျောက်မျက် ရတနာ ကုန်ချောများ အဖြစ် ထုတ်လုပ် နိုင်မည့် နည်းပညာရှင် များကို သင်ကြား မွေးထုတ်ရန် ရည်ရွယ်၍ တည်ဆောက် ခဲ့သော ကျောက်မျက် ရတနာ သင်တန်းကျောင်းကို (၁၁.၁.၂၀၁၇) ရက်နေ့တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ ဖွင့်လှစ် ခဲ့ပါသည်။
ကျောက်မျက် ရတနာ သင်တန်းကျောင်းသည် (၁.၁၂.၂၀၁၃) ရက်နေ့က ဖွင့်လှစ်ခဲ့သည့် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ရွှေကြာပင် ရပ်ကွက်ရှိ ကျောက်မျက် ရတနာ အချောထည်စျေး ဧရိယာ အတွင်း တည်ရှိပြီး (၄.၅)ဧက မြေအကျယ် အဝန်း ပေါ်တွင် တည်ဆောက် ထားသော သင်တန်း ကျောင်းအဆောက် အဦမှာ သံကူကွန်ကရိ နှစ်ထပ် အဆောက်အဦ ဖြစ်ပါသည်။
ကျောက်မျက် ရတနာ သင်တန်းကျောင်းကို တည်ဆောက် ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြင့် မြန်မာ နိုင်ငံအတွင်း ကျောက်မျက် အချော ထည်လုပ်ငန်း များဖွံ့ဖြိုး တိုးတက် လာစေခြင်း၊ အခြေခံ လူတန်းစားများ အလုပ် အကိုင်၊ အခွင့် အလမ်း ပိုမိုပွင့်လန်း လာစေခြင်း၊ ကျောက်မျက် ရတနာ အရိုင်းများ အစား တန်ဖိုးမြင့် အချောထည်များ ထုတ်လုပ် ရောင်းချ ခြင်းဖြင့် နိုင်ငံတော်၏ ဘဏ္ဍာများ ပိုမိုရရှိ စေခြင်းနှင့် ကျောက်မျက် ရတနာ အချောထည် နည်းပညာများ မြင့်မား လာစေခြင်း စသည့် အကျိုးကျေးဇူး များကို ရရှိလာနိုင်မည် ဖြစ်ပါသည်။
ကျောက်မျက် ရတနာ သင်တန်းကျောင်းတွင် စီမံရေးရာ ဌာန၊ အုပ်ချုပ်မှု ဌာန၊ သင်တန်း ဌာနနှင့် သုတေသန ဌာနဟူ၍ ဌာန(၄)ခုကို ဖွဲ့စည်း ထားရှိပါသည်။ သင်တန်း အထောက် အကူ ပစ္စည်းများ အဖြစ် အမေရိကန် ဒေါ်လာ (၆၃၀၀)တန်ဖိုးရှိ အချောထည် ထုတ်လုပ်သည့် စက်တစ်လုံး နှင့် မြန်မာ ငွေကျပ် သိန်းပေါင်း (၅၀၀၀) တန်ဖိုးရှိ အချောထည် ထုတ် စက်ပစ္စည်း များကို စီစဉ် ထားရှိ ပါသည်။
သင်ကြားနိုင်မည့် အထူးပြု ဘာသာရပ် များမှာ ကျောက်စိမ်း ဖြတ်/သွေး သင်တန်း၊ ကျောက်စိမ်း လက်ကောက် သင်တန်း၊ ကျောက်စိမ်း ပုတီးသင်တန်း၊ ကွန်ပျူတာ ပန်းပု သင်တန်း၊ လက်ပန်းပု သင်တန်း၊ ကျောက်မျက် ဖြတ်/သွေး သင်တန်း၊ စက်ပန်းတိမ် သင်တန်း၊ လက်ပန်းတိမ် သင်တန်း၊ ကျောက်ပန်းချီ သင်တန်း၊ ပယင်း အချောထည် လုပ်ငန်းတို့ ဖြစ်ပါသည်။
တက်ရောက် ရမည့် သင်တန်း ကာလမှာ အခြေခံ နည်းပညာ များအတွက် (၃)လနှင့် အဆင့်မြင့် နည်းပညာများ အတွက် (၃)လ ဖြစ်ပါသည်။ သင်တန်း တက်ရောက် အောင်မြင်သည့် သင်တန်း သား၊ သင်တန်းသူ များကို သင်တန်းဆင်း လက်မှတ်များ ချီးမြှင့် သွားမည် ဖြစ်ပါသည်။
ယခုလက်ရှိ အချိန်တွင် ကျောက်မျက် ရတနာ သင်တန်း ကျောင်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၀၀)ကျော်ကို စာတွေ့ လက်တွေ့ ပို့ချ သင်ကြား ပေးလျက် ရှိပါသည်။
ဓာတ်ပုံမှတ်တမ်းများ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm