Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ပထမနေ့ ကျင်းပ
အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုလေ့လာ
၂၀၁၇ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့
၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ပထမနေ့အဖြစ် ၁၉.၃.၂၀၁၇ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရောင်းချပွဲသို့ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟနှင့် အဖွဲ့ဝင်များ လာရောက် ကြည့်ရှုလေ့လာခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရုံးမူနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် ဦးဆောင်ညွှန်ကြားရေးမှူးက ရောင်းချပွဲ ကျင်းပနေမှုများကို လိုက်လံရှင်းလင်းပြသခဲ့သည်။
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm