Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ဒုတိယမြောက်နေ့ ဆက်လက်ကျင်းပပြုလုပ်
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကြည့်ရှုစစ်ဆေး
၂၀၁၇ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့
၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ၂၀.၃.၂၀၁၇ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဝင်များဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲမြင့်ဆွေတို့နှင့်အတူ ၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျင်းပနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ရှင်းလင်းပြသခဲ့ကြသည်။
(ဓာတ်ပုံ-မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ-မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ-မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ-မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ-မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ-မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ-မြန်မာ့ကျောက်မျက်)
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm