Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ စတုတ္ထမြောက်နေ့ဆက်လက်ကျင်းပ

ကျောက်စိမ်းအသားကျောက်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ


၂၀၁၇ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့

   ၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ (စတုတ္ထမြောက်နေ့)ကို ၂၂.၃.၂၀၁၇ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိပါသည်။ ရောင်းချပွဲသို့ ကုမ္ပဏီပေါင်း (၄၇၃)ခုမှ ပြည်တွင်း ရတနာကုန်သည် (၁၈၆၄)ဦး တက်ရောက်ခဲ့ပြီး အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ကျောက်စိမ်းအသားကျောက် (၁၅၀၀)တွဲကို တင်ပြရောင်းချခဲ့ရာ (၁၄၁၃)တွဲကို တန်ဖိုးငွေကျပ် (၁၇၇၂၂.၈၇)သန်းဖြင့် ရောင်းချခဲ့ရသည်။

   မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းသည် ၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများ နှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲ ကျောက်စိမ်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးရဲထွဋ်နှင့်အတူ ၂၃.၃.၂၀၁၇ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအသားကျောက်များအတွက် ရတနာကုန်သည်များက တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းထားသည့် ဈေးနှုန်းပေးသွင်းလွှာများ ဖွင့်ဖောက်စစ်ဆေးနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။

(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

 

(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

 

(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

 

(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

 

(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

 

(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)

 

(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)