Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ပဉ္စမမြောက်နေ့ဆက်လက်ကျင်းပ
ကျောက်စိမ်းအသားကျောက်များအား ဒုတိယမြောက်နေ့အဖြစ် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချ
၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ (ပဉ္စမမြောက်နေ့)ကို ၂၃.၃.၂၀၁၇ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိပါသည်။ ရောင်းချပွဲသို့ ကုမ္ပဏီပေါင်း (၄၇၄)ခုမှ ပြည်တွင်းရတနာကုန်သည် (၁၈၆၅)ဦး တက်ရောက်ခဲ့ပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်စိမ်းအသားကျောက် (၁၅၀၀)တွဲကို တင်ပြ ရောင်းချခဲ့ရာ (၁၃၉၆)တွဲကို တန်ဖိုးငွေကျပ် (၁၉၆၄၄.၄၉)သန်းဖြင့် ရောင်းချခဲ့ရသည်။
၂၀၁၇ ခုနှစ်၊ မတ်လ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျောက်စိမ်းအသားကျောက်များ ရောင်းချရာတွင် ကြီးကြပ်ကွပ်ကဲသည့် သဘာပတိအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးရဲထွဋ်နှင့် သဘာပတိအဖွဲ့ဝင်များသည် ၂၃.၃.၂၀၁၇ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသည့် ကျောက်စိမ်းအသားကျောက်များအတွက် ရောင်းသူနှင့် ဝယ်ယူသူများ အဆင်ပြေစေရေးအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ကျောက်မျက်ရတနာသင်တန်းကျောင်း(ရွှေကြာပင်)မှ ကျောင်းအုပ်ကြီး၊ အုပ်ချုပ်သူ၊ နည်းပြ၊ ဝန်ထမ်း၊ သင်တန်းသား/သူ (၂၃၈)ဦးတို့သည် ရောင်းချပွဲ ကျင်းပလျက်ရှိသော မဏိရတနာကျောက်စိမ်းခန်းမသို့ လာရောက်လေ့လာခဲ့ရာ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ကျောက်စိမ်းအသားကျောက်များ ခင်းကျင်းထားရှိမှုနှင့် ခန်းမအတွင်း အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချနေမှုတို့ကို လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
(ဓာတ်ပုံ - မြန်မာ့ကျောက်မျက်)
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm