Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
၂၀၁၇ ခုနှစ်၊ ဇွန်လ ၆ ရက်
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ၆.၆.၂၀၁၇ ရက်နေ့တွင် နေပြည်တော် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ကျင်းပမည့် ရတနာပြပွဲဆိုင်ရာ ကိစ္စရပ်များတွင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအား ရှင်းလင်း ဆွေးနွေးသွားမည်ဖြစ်ပြီး သိရှိလိုသည်များကို မေးမြန်းနိုင်ပါကြောင်းနှင့် အကြံပြုချက်များ ရှိပါကလည်း ဆွေးနွေး တင်ပြပေးရန်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးမှ ရရှိလာသည့် သတင်းအချက်အလက်များအား မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်အသင်းခွဲများသို့ ဖြန့်ဝေပြီး ရတနာကုန်သည်များ ကြိုတင်သိရှိနိုင်ရေးဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် ရတနာပြပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဖွဲ့စည်းထားရှိသည့် အထောက်အကူပြု လုပ်ငန်းကော်မတီများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဆွေးနွေးတင်ပြကြပြီး မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ဩဂုတ်လ(၂)ရက်မှ (၁၁)ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို အိတ်ဖွင့်တင်ဒါစနစ် တစ်မျိုးတည်းဖြင့်သာ ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm