Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆက်လက်ကျင်းပ
ကျောက်မျက်အတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထမြောက်နေ့ကို ၅.၈.၂၀၁၇ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပပြီး ကျောက်မျက်အတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ပါသည်။
ယနေ့ပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဝင်များဖြစ်သည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးဌေးအောင်၊ ဘူမိဗေဒ လေ့လာရေးနှင့် ဓတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်ဆွေနှင့် မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရုံးမူတို့သည် ကျောက်မျက်အတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနေမှုနှင့် ရတနာပြပွဲအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဝတ်ရတနာဆိုင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဩဂုတ်လ (၂) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၆.၈.၂၀၁၇ ရက်နေ့တွင် ကျောက်စိမ်းအတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm