Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆက်လက်ကျင်းပ

ကျောက်စိမ်းအတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့

  ၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (ပဉ္စမမြောက်နေ့)ကို ၆.၈.၂၀၁၇ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိပါသည်။

  ယနေ့ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ နိုင်ငံပေါင်း (၃)နိုင်ငံမှ ကုမ္ပဏီပေါင်း (၁၁၀၁)ခု၏ နိုင်ငံခြားသား ရတနာကုန်သည် (၃၄၆၃)ဦးနှင့် မြန်မာနိုင်ငံသား ရတနာကုန်သည် (၁၈၁၃)ဦး၊ စုစုပေါင်း (၅၂၇၆)ဦး တက်ရောက်ခဲ့ပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်စိမ်းအတွဲ (၁၁၀၀)တွဲကို တင်ပြရောင်းချခဲ့ရာ (၉၉၈)တွဲကို တန်ဖိုးငွေယူရို (၅၀,၄၇၇,၇၉၉)သန်းဖြင့် ရောင်းချခဲ့ရသည်။

 မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာရောင်း ဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရုံးမူတို့သည် ၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ကျောက်စိမ်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးရဲထွဋ်နှင့်အတူ ၇.၈.၂၀၁၇ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအတွဲများအတွက် ရတနာကုန်သည်များက တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းထားသည့် ဈေးနှုန်း ပေးသွင်းလွှာများ ဖွင့်ဖောက်စစ်ဆေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်