Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကြည့်ရှုအားပေး

ကျောက်စိမ်းအတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချ

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့

   ၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (အဋ္ဌမမြောက်နေ့)ကို ၉.၈.၂၀၁၇ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိပါသည်။

  ၉.၈.၂၀၁၇ ရက်နေ့တွင် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမသို့ ရောက်ရှိလာရာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း၊ စီမံရေးရာလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းမင်းဦးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ကျောက်စိမ်း တွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနေမှုနှင့် လက်ဝတ်ရတနာဆိုင်များ ဖွင့်လှစ် ရောင်းချနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

  ယနေ့ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြည်တွင်းရတနာကုန်သည် (၁၈၄၂)ဦး၊ ပြည်ပရတနာကုန်သည် (၃၄၆၄)ဦး၊ စုစုပေါင်းရတနာကုန်သည် (၅၃၀၆)ဦး တက်ရောက်ခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၁၁၀၀) တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချခဲ့ရာ အတွဲပေါင်း (၈၄၂) တွဲကို တန်ဖိုးယူရို (၄၈.၁၅)သန်းဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။

  ၁၀.၈.၂၀၁၇ ရက်နေ့တွင် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်