Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆက်လက်ကျင်းပ

ကျောက်စိမ်းအတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချ

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့

  ၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (နဝမမြောက်နေ့)ကို ၁၀.၈.၂၀၁၇ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိပါသည်။

  ယနေ့ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြည်တွင်းရတနာကုန်သည် (၁၈၄၅)ဦး၊ ပြည်ပရတနာကုန်သည် (၃၄၆၆)ဦး၊ စုစုပေါင်းရတနာကုန်သည် (၅၃၁၁)ဦး တက်ရောက်ခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၁၁၀၀) တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချခဲ့ရာ အတွဲပေါင်း (၈၃၂) တွဲကို တန်ဖိုးယူရို (၂၀၂.၄၂)သန်းဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်