Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့
အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ၂၀၁၇ခုနှစ်၊ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များအား ပြန်လည်သုံးသပ် ညှိနှိုင်းအစည်းအဝေးကို ၁၈.၈.၂၀၁၇ ရက်နေ့၊ ၁၅:၃၀ နာရီတွင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ရတနာပြပွဲ အထောက်အကူပြုလုပ်ငန်း ကော်မတီများဖြစ်သည့် စီမံရေးရာလုပ်ငန်းကော်မတီ၊ ကျောက်စိမ်းလုပ်ငန်းကော်မတီ၊ ကျောက်မျက် လုပ်ငန်းကော်မတီနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ခဲ့ရသည့် လုပ်ငန်းများအပေါ် အားသာချက်၊ အားနည်းချက်များကို သုံးသပ် အကြံပြု ရှင်းလင်းတင်ပြကြသည်။
လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းတင်ပြမှုအပေါ် ဦးဆောင်ညွှန်ကြားရေးမှူးက အသေးစိတ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး နောင်ကျင်းပမည့် ရတနာပြပွဲများကို ပိုမိုကောင်းမွန်သော နည်းပညာ၊ နည်းလမ်းကောင်းများဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်သွားကြရန် နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ၁၈:၁၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm