Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချ
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်
နေပြည်တော်
၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမမြောက်နေ့ကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် ကြီးကြပ်ကွပ်ကဲရသည့် သဘာပတိအဖွဲ့ဥက္ကဋ္ဌ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရဲထွဋ်နှင့် သဘာပတိအဖွဲ့ဝင်များသည် ၁၈.၁၂.၂၀၁၇ ရက်နေ့တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချသည့် ကျောက်စိမ်းအတွဲများအတွက် ရောင်းသူနှင့် ဝယ်ယူသူများ အဆင်ပြေစေရေးအတွက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ယနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၁၁၅၀)တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချခဲ့ရာ အတွဲပေါင်း (၈၇၉) တွဲကို တန်ဖိုးယူရို (၇၈.၂၈၃) သန်းဖြင့် ရောင်းချခဲ့ရပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm