Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချ
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်
နေပြည်တော်
၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမမြောက်နေ့ကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၁၁၅၀)တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချခဲ့ရာ အတွဲပေါင်း (၈၆၁) တွဲကို တန်ဖိုးယူရို (၃၈.၂၂၆) သန်းဖြင့် ရောင်းချခဲ့ရပါသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းသည် တာဝန်ရှိသူများနှင့်အတူ ၂၀.၁၂.၂၀၁၇ ရက်နေ့တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအတွဲများအတွက် ရတနာကုန်သည်များက တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းထားသည့် ဈေးနှုန်း ပေးသွင်းလွှာများ ဖွင့်ဖောက် စစ်ဆေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm