Tel: 067409019 | Mail: messenger@e-mining.gov.mm



၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်ကြည့်ရှုအားပေး

ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချ

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်

နေပြည်တော်

  ၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမမြောက်နေ့ကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။

  ၂၀.၁၂.၂၀၁၇ ရက်နေ့တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမသို့ ရောက်ရှိလာရာ ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း၊ စီမံရေးရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းမင်းဦး၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ က ကြိုဆိုကြသည်။

  ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နှစ်လယ် ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲများ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချနေမှု၊ ကွန်ပျူတာစနစ်များဖြင့် ရတနာပြပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျောက်အတွဲများ ဝယ်ယူရရှိမှု၊ အာမခံစပေါ်ငွေ ကျန်ရှိမှုစာရင်းများကို ရတနာကုန်သည်များက ပြပွဲဝင်ခွင့်ကတ် အသုံးပြု၍ KIOSK စက်များဖြင့် စစ်ဆေးကြည့်ရှု ဆောင်ရွက်နေမှု၊ ဝယ်ယူခွင့်ရရှိသည့် ကျောက်စိမ်းအတွဲများအတွက် အရောင်းအဝယ်စာချုပ် (Sale Agreement) များ ချုပ်ဆိုနိုင်ရေး ဆောင်ရွက်နေမှု၊ ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် သဘာပတိအဖွဲ့က အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချသည့် ကျောက်စိမ်းအတွဲများအတွက် ရောင်းသူနှင့် ဝယ်ယူသူများ အဆင်ပြေစေရေးအတွက် ညှိနှိုင်း ဆောင်ရွက်နေမှု၊ ရတနာပြပွဲတွင် လက်ဝတ်ရတနာဆိုင်များ ဖွင့်လှစ် ရောင်းချနေမှုများကို ကြည့်ရှုအားပေးခဲ့ရာ ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ က သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ရှင်းလင်းပြသခဲ့ကြပါသည်။

  ယနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၁၁၅၀)တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချခဲ့ရာ အတွဲပေါင်း (၈၇၃) တွဲကို တန်ဖိုးယူရို (၁၅၈.၉၄၁) သန်းဖြင့် ရောင်းချခဲ့ရပါသည်။

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်

 

ဓာတ်ပုံ - မြန်မာ့ကျောက်မျက်