Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်
နေပြည်တော်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို ၁၂.၁၂.၂၀၁၇ ရက်နေ့မှ ၂၁.၁၂.၂၀၁၇ ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
ရတနာပြပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကနေဒါနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ ပြည်ပ ရတနာကုန်သည် (၂၈၅၂) ဦးနှင့် နိုင်ငံသား ရတနာကုန်သည် (၁၅၈၀) ဦး တက်ရောက်ခဲ့ပြီး အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ကျောက်မျက်အတွဲ (၁၉၀) တွဲ တင်ပြ ရောင်းချခဲ့ရာ (၃၂) တွဲကို တန်ဖိုးငွေယူရို (၀.၇၆၇) သန်းဖြင့် ရောင်းချခဲ့ရပါသည်။ အလားတူ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ကျောက်စိမ်းတွဲ (၆၆၈၅) တွဲ တင်ပြ ရောင်းချခဲ့ရာ (၅၀၅၄) တွဲကို တန်ဖိုး ငွေယူရို (၄၃၈.၅၈၃) သန်းဖြင့် ရောင်းချခဲ့ကြောင်း အရောင်းစာရင်း ထုတ်ပြန်ရေးအဖွဲ့က ၂၁.၁၂.၂၀၁၇ ရက်နေ့ ညနေပိုင်းတွင် မဏိရတနာ ကျောက်စိမ်းခန်းမ၊ နဝရတ်ကိုး သွယ်ဂိတ်ရှိ ရတနာကုန်သည် မှတ်ပုံတင် အဆောက်အအုံ၌ အရောင်းစာရင်း ထုတ်ပြန်ပေးခဲ့ပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm