Tel: 067409019 | Mail: messenger@e-mining.gov.mm
Jade Website ရေးဆွဲထားရှိမှုအခြေအနေနှင့် openjadedata.org Website မိတ်ဆက်ပွဲ ကျင်းပ ပြုလုပ်မည့် အခြေအနေများ နှင့်ပတ်သက်၍ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ များနှင့် Natural Resources Governance Institute(NRGI)အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
၁။ တွေ့ဆုံဆွေးနွေးပွဲအား ၂၀၁၈ ခုနှစ်၊ မေလ(၁၁)ရက်နေ့၊ သောကြာနေ့တွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ Jade Website ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ နိုင်ငံရှိ ကျောက်စိမ်းကဏ္ဍနှင့်ပတ်သက်သည့် အချက်အလက် များအား ပြည်သူလူထု မည်သူမဆို လွယ်လင့်တကူ ဝင်ရောက် လေ့လာနိုင်စေရန်နှင့် မြန်မာ့ကျောက်စိမ်း/ကျောက်မျက်ကဏ္ဍအား နိုင်ငံတကာစံနူန်းများ အတိုင်း ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်း လာစေရန်တို့ဖြစ်ပါသည်။
၃။ Jade Website ၏ Domain Name မှာ openjadedata.org ဖြစ်ပါသည်။ openjadedata.org Website ၏ မိတ်ဆက်ပွဲကို ၂၀၁၈ ခုနှစ်၊ မေလ(၁၅ )ရက်နေ့တွင် ရန်ကုန်မြို့၊ Phandeeyar River View Condo ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
တွေ့ဆုံဆွေးနွေးမှု ဓာတ်ပုံမှတ်တမ်းများ
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm