Tel: 067409019 | Mail: messenger@e-mining.gov.mm
၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
ပြပွဲဗဟိုကော်မတီအစည်းအဝေးကျင်းပ
၂၀၁၈ ခုနှစ်၊ မေလ ၁၈ ရက်
နေပြည်တော်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီသည် ၂၀၁၈ ခုနှစ်၊ (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ၂၀.၆.၂၀၁၈ ရက်နေ့မှ ၂၉.၆.၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ရတနာပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြပွဲဗဟိုကော်မတီ အစည်းအဝေးကို ၁၈.၅.၂၀၁၈ ရက်နေ့ (၁၄:၀၀)နာရီတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြပွဲဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရတနာပြပွဲ အထောက်အကူပြု လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းတို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အစည်းအဝေး အစီအစဉ်အရ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက ရတနာပြပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို အသေးစိတ် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Copyright © 2015 - All Rights Reserved - www.mining.gov.mm
Office No. (19), Nay Pyi Taw, Myanmar.
Tel : 95 67 409019
Fax : 95 67 409010
email : messenger@e-mining.gov.mm